Friday, August 24, 2012

တရားစကားများ

အရှင် ဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ ) ဓမ္မ အမေးအဖြေများ

မေး။    ။ ဘာသာတရားတစ်ခုကို ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။

ဖြေ။    ။ ဝေဖန်ဆန်းစစ်မှုပညာ လိုအပ်တယ်။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာအားလုံးရဲ့ သိသိ သာသာ ကွဲပြားခြားနားတဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါဘာလဲဆိုတော့တခြားဘာသာတွေက ယုံကြည်မှု(သဒ္ဓါ)တစ်ခုနဲ့ပဲတည်ေ
ဆာက်ထားတယ်၊ ဗုဒ္ဓဘာသာကတော့
ယုံကြည်မှု(သဒ္ဓါ)၊ ဝေဖန်ဆန်းစစ်မှု(ပညာ)နှစ်ခုလုံးနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့အချက်ပါပဲ။

အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကလျာဏမိတ္တသုတ်မှာ ကိုးကွယ်ဆည်းကပ်ရမယ့် ဆရာကောင်းရဲ့အင်္ဂါ(၇)ချက် ဟောထားပါတယ်။ အဲဒါတွေကတော့ -

   ၁။ ရိုသေထိုက်သောဂုဏ်
   ၂။ ချစ်ခင်ထိုက်သောဂုဏ်
   ၃။ ချီးမွမ်း ထိုက်သောဂုဏ်
   ၄။ တပည့်လွဲမှားနေလျှင် ဆုံးမရဲသည့်ဂုဏ်
   ၅။ တပည့်ကမေးလာလျှင် ကျေနပ်အောင် ဖြေဆိုနိုင်သည့်ဂုဏ်
   ၆။ နက်နဲသည့်တ၇ားကို ဟောကြားနိုင်သောဂုဏ်
   ၇။ အကျိုးများရာကို ညွှန်ပြနိုင်သည့်ဂုဏ် တို့ပါပဲ။

ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်တဲ့ဂုဏ်ဆိုတာ
ဒါန= ပေးကမ်းစွန့်ကြဲခြင်း၊ လောဘနည်းခြင်း၊
ပေယျဝဇ္ဖ = ချစ်ခင်ဖွယ်ရာ စကားကိုပြောခြင်း၊ ဒေါသနည်းခြင်း
အတ္တစရိယ= တပည့်တို့၏ ကောင်းကျိုးကို ကျင့်ခြင်း (ပရဟိတ စိတ်ဓါတ်ရှိခြင်း)၊
သမာနတ္တတာ = တပည့်နှင့် တန်းတူရည်တူ ဆက်ဆံခြင်း (မာနကင်းခြင်း) တို့ပါပဲ။
တရားစစ်တရားမှန်ရဲ့ ဂုဏ်အင်္ဂါတွေကိုလည်း အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကေသမတ္တိသုတ်
မှာ ဟောထားတာက -

၁။ အပြစ်ကင်းခြင်း(သတ်ဖြတ်မှု၊ ညှင်းဆဲမှုမပါခြင်း)၊
၂။ ကောင်းကျိုးကို လက်တွေ့ပေးစွမ်းနိုင်ခြင်း၊
၃။ ပညာရှိသူတော်ကောင်းများက မကဲ့ရဲ့ခြင်း။
၎။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာဆိုးများကို ပယ်သတ်ပေးနိုင်ခြင်း စသည့်တို့ပါပဲ။ အကျယ် သိချင်ရင်တော့ ဆရာတော်ရေးတဲ့ဆရာကောင်းကိုရှာဖွေခြင်း စာအုပ်နဲ့ အရှုံးမရှိသော ဒဿန စာအုပ်တို့မှာ ဖတ်ရှု့ နိုင်ပါတယ်

....................................
မေး။   ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။

ဖြေ။   ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။ ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ကရုဏာရှင်လည်း မှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။

ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။

(၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
(၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
(၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
(၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံ များပါသည်။
(၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
(၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါသည်။
(၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ ညဏ်ထိုင်းပါသည်။

ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကိုပါပဲ။ အက်ယ္ခဲ့်ျပီး ထပ္ဆင့္သိသင့္တာက -
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင်
ဗုဒ္ဓ၀ါဒ။

ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊
အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်စိုက်ထားလို့ ၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကပ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊ မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။
ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။

စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။ ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က
ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာ
ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုင်တယ်၊ ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊
ရွာကိုမခိုင် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။

အလောင်းကိုင်တာချင်းတူပါလျက် သဘရာဇာကို အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည့်သူကို သားမက်ဖမ်းခြင်းသည် ဗြဟ္မဏ၀ါဒ။ အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။

ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို
ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်) ဘုရားကို
ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။

ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။ စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။ အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။
ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ အဆင်သည့်အချိန်တွင်ပြောင်းကောင်းသည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။

လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့် အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့် အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့သောအကုသိုလ်ကြောင့် အသက်တိုသည် ဟု ယူဆလျှင်
ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။

ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။

--------------------------



မေး။   ။ဗုဒ္ဓဘာသာဝင် လူငယ်တွေအတွက် ကံလမ်းနှင့် ဥာဏ်လမ်းကိုကွဲကွဲပြားပြား နားလည်အောင် မိန့်တော်မူပါဘရား။


ဖြေ။   ။ ဒါန-သီလ-သမထဟူသော ကံလမ်းသည် လူ၊ နတ်၊ ဗြဟ္မာဟူသော သုဂတိဘ၀သို့ပေးပို့နိုင်စွမ်း။ မဂ္ဂင်ရှစ်ပါး ဟူသော ၀ိပဿနာဥာဏ်လမ်းသည် နိဗ္ဗာန်အထိပို့ပေးနိုင်သည်။ သို့သော် ဒါန-သီလ-သမထ ကုသိုလ်ပြုရာ၌ပင် ဥာဏ်ယှဉ်နိုင်လျှင် လောကီချမ်းသာကိုသာမက လောကုတ္တရာချမ်းသာအထိ ရနိုင်သည်။

         ဗုဒ္ဓလက်ထက်က ပုဏ္ဏားကြီးတစ်ဦးသည် ဆင်းရဲနွမ်းပါးသည့်ကြားထဲကနို့ထမင်း တစ်ပန်းကန်နှင့် အ၀တ်စ တစ်စကို မည်သည့်မျှော်လင့်ချက်မှမထားဘဲအရှင်သာရိပုတ္တာ အား လှူဒါန်းခဲ့သည်။ ဤကုသိုလ်သည် ကိလေသာကုန်ရာနိဗ္ဗာန်ကို ရဖို့ အထောက်အပံ့ဖြစ်ပါစေ ဟုသာ ဆုတောင်းခဲ့သည်။ဤကုသိုလ်ကြောင့် နောက်ဘ၀တွင် သူဌေးသားဖြစ်ပြီး (၇)နှစ်သား အရွယ်နှင့်
ရဟန္တာ ဖြစ်ခဲ့သည်။

(မှတ်ချက်)။     ။ ဤဇာတ်လမ်းအကျယ်ကို စာရေးသူရေးသော
ပါရမီထိုက်သောဒါနနှင့် ပါရမီမထိုက်သောဒါန စာအုပ်တွင် ဖတ်ရှု့နိုင်ပါသည်။

--------------------------



မေး။   ။ ရှင်အဟံနှင့် အနော်ရထာတို့လက်ထက်က စတင်ပြန့်ပွားခဲ့တဲ့ ဗုဒ္ဓသာသနာဟာ အခုချိန်အခါမှာ ဘယ်အခြေ အနေထိ ဆိုက်ရောက်နေပါပြီလဲ ဘုရား။

ဖြေ။   ။ အရေအတွက်များပြားလာသော်လည်း အရည်အချင်းနည်းပါးနေပါသေးသည်။ ဗုဒ္ဓ၏တပည့်သာဝက အမည်ခံ ထားသော်လည်း ဗုဒ္ဓနှင့်ဆန့်ကျင်ဘက် အရှင်ဒေ၀ဒတ်၏ ကျင့်ထုံးများကို ကျင့်သုံးသူ ရဟန်းရှင်လူက များနေသည်။ ဘာသာရေးဝန်ထမ်း၊
ပညာရေးဝန်းထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ကာကွယ်ရေးဝန်ထမ်းစသော အများစုသည် မိမိကို တကယ်လိုအပ်သည့် နေရာများသို့ မသွားလိုကြပဲ ငွေများများရမည့်နေရာသို့ ရောက်အောင် အထက်သို့ လာဘ်ထိုးခြင်းမျိုးဖြင့်လုပ်ဆောင်နေခြင်းပင်။ အရှင်ဒေ၀ဒတ်၏အသာစံလမ်းစဉ်သို့ လိုက်နေကြခြင်းပင်ဖြစ်သည်။

         အတွေးအခေါ်နည်းသူက မြန်မာပြည်တွင်သာသနာကြီးစည်းကားတိုးတတ်နေသည်၊ သင်္ကန်းရောင်များ ၀ါးဝင်းနေသည်ဟု ပြောသည်။အတွေးအခေါ်ရှိသူက သာသနာကြီး အသက်ဆုံးကာနီးလို့ ၀မ်းဖောဝမ်းရောင်လိုက်နေတာဟုပြောသည်။ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်၍ ကြည့်စေချင်သည်။အရှင်ဒေ၀ဒတ်နှင့် ဗုဒ္ဓ၏ လမ်းစဉ်ကို ယှဉ်ပြလိုက်ပါသည်။

         အသာစံခြင်းလမ်းစဉ်ကို အရှင်ဒေ၀ဒတ် တည်ထောင်ခဲ့သည်။အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒ္ဒယ သစ္စာခေါ် တဏှာကို
သိမ်းပိုက်ထားခြင်းဖြင့်သည်။ အသာစံခြင်း၏ နောက်ဆုံးပန်းတိုင်သည် အပါယ်လေးပါးဖြစ်သည်။ အသာစံခြင်းဝါဒကို တည်ထောင်ခဲ့သည့်
အရှင်ဒေ၀ဒတ်ကိုယ်တိုင် ယခုအခါ အ၀ီစိငရဲသို့ ကျရောက်နေပြီ ဖြစ်သည်။

အနာခံခြင်းလမ်းစဉ်ကို ဗုဒ္ဓတည်ထောင်ခဲ့သည်။ အနာခံခြင်းဟူသည် သမုဒ္ဒယသစ္စာခေါ်တဏှာကို လက်တွေ့ အလုပ်ဖြင့် ပယ်သတ်ခြင်းဖြစ်သည်။ အနာခံခြင်း၏နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။ အနာခံဝါဒကို တည်ထောင်ခဲ့သည့်
ဗုဒ္ဓကိုယ်တိုင် နိဗ္ဗာန်သို့ ရောက်နေပြီဖြစ်သည်။

--------------------------

မေး။   ။ ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ တပည့်တော်တို့ ပုထုဇဉ်လူသားတွေဟာလောကရဲ့ စည်းစိမ်ချမ်းသာကို ရှာဖွေရင်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နေရာမှာပစ္စုပ္ပန်ဘ၀လမ်းညွှန်နှင့် တမလွန်ဘ၀လမ်းညွှန် ရောထွေးသတ်မှတ် ကြတဲ့အပေါ်မှာ
ဆရာတော် သြ၀ါဒပေးပါဦး ဘုရား။


ဖြေ။   ။ ကိလေသာအပြည့်ရှိတဲ့ ပုထုဇဉ်တွေ တည်ထွင်သောဝါဒလမ်းစဉ်မှန်သမျှဘက်လိုက်မှုဆိုတာ ရှိတတ်ပါတယ်။ ကိလေသာအားလုံး ကုန်ခမ်းပြီးဖြစ်တဲ့ဘုရားရှင်ရဲ့ လမ်းစဉ်ကတော့ ဘက်လိုက်မှုတို့ အပိုအလိုတို့ဆိုတာ မရှိပါဘူး။

         အင်္ဂုတ္တိုရ်ပါဋ္ဌိတော် မှာ ဒကာတစ်ယောက်က အခုလို မေးမြန်းဖူးပါသည်။တပည့်တော်တို့ဟာ ပုထုဇဉ်တွေဖြစ်တဲ့အတွက် အခုဘ၀မှာလည်း ကောင်းကောင်းဝတ်၊ကောင်းကောင်းစားပြီး သားမယားနှင့် ချမ်းသာစွာ နေလိုပါတယ်။တမလွန်ဘ၀ကျရင်လည်း နတ်ပြည်မှာ ချမ်းသာစွာ နတ်စည်းစိမ်ကို ခံစားချင်ပါတယ်။ ဒီလိုပစ္စုပ္ပန်၊ တမလွန်ချမ်းသာ နှစ်မျိုးလုံး ရစေမည့်နည်းလမ်းကို
ညွှန်ပြပါတဲ့။ ဘုရားရှင်က ယခုလို ညွှန်ပြပေးတယ်။

         စီးပွားရေးကို သမ္ပဒါလေးပါးနဲ့အညီ ပြည့်စုံအောင် ကြိုးစားအားထုတ်ပြီး

         ၁။ ဘုရားရတနာကို တကယ်ကြည်ညိုမယ်။
         ၂။ တရားရတနာကို တကယ်ကြည်ညိုမယ်။
         ၃။ သံယာရတနာကို တကယ်ကြည်ညိုမယ်။
         ၄။ ငါးပါးသီလကို တကယ် လုံခြုံအောင်စောင့်မယ် ဆို၇င် ပစ္စက္ခ၊
သံသရာနှစ်ဖြာလုံး ချမ်းသာစေနိုင်ပါတယ်တဲ့။ သမ္ပဒါလေးပါး အကျယ်ကိုတော့စာရေးသူရေးသားတဲ့ မေတ္တာဖြင့် စီးပွားရှာခြင်း စာအုပ်မှာ ဖတ်နိုင်ပါတယ်။

--------------------



မေး။    ။ အရှင်ဘုရား ရေးသားထားတဲ့ စာအုပ်တစ်အုပ်မှာ သာသနာပြုခြင်းနှင့်ပတ်သက်ပြီး ဘုရားတည်ခြင်းနှစ်မျိုးကိုဖော်ပြထားပါသည်။ တပည့်တော်သိချင်တာက မြေပြင်မှာ စေတီပုထိုးတည်ရခြင်းရဲံ အဓိပ္ပါယ်နှင့်ရှေးမြန်မာလူမျိုးတွေဟာ ပုဂံလိုနေရာမျိုးမှာ ဘာကြောင့်
စေတီပုထိုးအများအပြား တည်ရသလဲဆိုတာကို သိချင်ပါတယ်ဘုရား။


ဖြေ။    ။ ရှေးမြန်မာတွေဟာ အလွန်လောဘ နည်းကြပါတယ်။ စားဝတ်နေရေးကိုပိုရင်ကျန်တာ အားလုံး လှူပစ်ကြပါတယ်။ ဒါပေမဲ့ လှူတယ်ဆိုရင် ဘုရားတည်တာနဲ့ကျောင်းဆောက် တာလောက်ကိုပဲ  သိကြပါတယ်။ ဘုရားတည်တဲ့နေရာမှာလည်း
မြေပြင်မှာ တည်တဲ့ ဘုရားလောက်ကိုပဲ သိကြပါတယ်။

         မြန်မာနိုင်ငံတွင်းက ဘာသာခြားတိုင်းရင်းသားတွေရဲ့ ရင်ထဲမှာဘုရားတည်ဖို့အထိ အမြင်မကျယ်ကြဘူး။ ဒါကြောင့်လည်း အင်္ဂလိပ်တွေဝင်လာတဲ့အခါနှလုံးသားမှာ ဗုဒ္ဓဘာသာဘုရားတည်ပြီးသား မရှိရှာသေးတဲ့ ကချင်၊ ကယား၊
ချင်းစသော တိုင်း ရင်းသားတွေဟာ ခရစ်ယာဉ်ဘာသာဝင်တွေ ဖြစ်ကုန်ကြတာပါ။


နှလုံးသားဝယ် ဘုရားတည်

ရေမြေတောတောင်၊ လျှိုမြောင်အကြား

ပြုတည်ထားသည့်၊ ရုပ်ပွားတစ်လီ

စေတီပုထိုး၊ အမျိုးအမျိုးကား

ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်

ပျောက်ကွယ်ခဏ ၊ ပျက်စီးရ၏။

နှလုံးသားတွင်၊ ဌာပနာသွင်း၍

မယွင်းတည်ထား၊ မြတ်ဘုရားကား

မြတ်တရားကာ ၊ မြတ်သံဃာကား

ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်

ပျောက်ကွယ်မရှိ၊ တည်တံ့ဘိ၏


(တိပိဋကဓရ ယောဆရာတော်)



အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်

အိုးတွင်ခပ်နှိပ်၊ တံဆိပ်မှတ်က

မပြတ်မစဲ၊ အိုးပင်ကွဲလည်း

အမြဲတစေ၊ တည်ရှိနေသို့

ထွေထွေသွေးသား၊ ကလေးများ၌

ဘုရားတံဆိပ်၊ ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကြအောင်

ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်

ကိုယ်စီခပ်နှိပ်စေသတည်း

(အမရပူရမြို့၊ မဟာဂန္ဓရုံဆရာတော်)

 -----------------------------------------

မေး။    ။ ၀ိပဿနာကို စတင်ကျင့်ကြံတော့မယ့် သူတစ်ယောက် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။

ဖြေ။    ။ ဗောဓိမင်းသားနှင့် ဘုရားရှင်တို့၏ အမေးအဖြေတို့ကိုလေ့လာလိုက်လျှင် ယခုမေးခွန်း၏ အဖြေကို ဖြေထားပြီးသား ဖြစ်သွားပါလိမ့်မည်။

မင်းသား။        ။ ဘုရားရှင်နှင့် တွေ့သူတိုင်း မဂ်ဖိုဟ်ကို ရကြပါသလားဘုရား။

ဗုဒ္ဓ      ။        ။ ဤမေးခွန်းနှင့်ပတ်သက်၍ သင့်ကိုပင်ငါဘုရားပြန်၍မေးမည်။ သင်သည် ဆင်စီးချွန်းကိုင် အတတ်ပညာကို တတ်၏လော။

မင်းသား။        ။ တတ်ပါသည်ဘုရား။

ဗုဒ္ဓ      ။        ။ လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီးချွန်းကိုင်အတတ်ပညာသင်ရန်လာ၏ ထိုသူသည် ဆရာဖြစ်သော သင့်အပေါ်တွင် ယုံကြည်မှုမရှိ။အနာရောဂါဒဏ်ကိုလည်းခံစားနေရ၏။ ရိုးသားမှုမရှိ၊ ကောက်ကျစ်စဉ်းလဲ၏။ပျင်းရိ၏၊ ကြိုးစားအားထုတ်မှုမရှိ။ တွေးခေါ်မြော်မြင်သော အသိဥာဏ်လည်းမရှိ။ယင်းအင်္ဂါနှင့်ပြည့်စုံသောသူသည် ဆင်စီးချွန်းကိုင် အတတ်ပညာကို သင်၍
တတ်မြောက်မည်လော။

မင်းသား။       ။ ဤအင်္ဂါငါးချက်နှင့် ပြည့်စုံသူကို မဆိုထားနှင့်ဤအင်္ဂါငါးချက်ထဲမှ တစ်ချက်နှင့် ပြည့်စုံလျှင်ပင် ဆင်စီး ချွန်းကိုင်
အတတ်ပညာကိုသင်၍ မတတ်မြောက်နိုင်တော့ပါ။

ဗုဒ္ဓ    ။    ။ မင်းသားအခြားသူ တစ်ယောက်သည်ကား ဆရာဖြစ်သော သင့်အပေါ်တွင်ယုံကြည်မှုရှိ၏။ အနာရောဂါကင်းပြီး ကျန်းမာရေးကောင်း၏။ကောက်ကျစ်စဉ်းလဲမှုမရှိ။ ရိုးဖြောက်၏။ မပျင်းရိ၊ကြိုးစားအားထုတ်မှုရှိ၏။တွေးခေါ်မြော်မြင်သော ဥာဏ်ပညာလည်းရှိ၏ ထိုအင်္ဂါငါးချက်နှင့်ပြည့်စုံသောသူသည် သင့်ထံ၌ဆင်စီးချွန်းကိုင်အတတ်ပညာကို သင်ယူမည်ဆိုလျှင် တတ်ပါမည်လော။

မင်းသား။        ။ မြတ်စွာဘုရား ဤအင်္ဂါငါးချက်လုံးနှင့် ပြည့်စုံသူကိုမဆိုထားနှင့်၊ ဤအင်္ဂါငါးချက်ထဲမှ တစ်ချက်ချက်နှင့် ပြည့်စုံလျှင်ပင်
ဆင်စီးချွန်းကိုင် အတတ်ပညာကို တတ်နိုင်ပါသည်။

ဗုဒ္ဓ     ။       ။ မင်းသား ထို့အတူပင် အကြင်သူတစ်ယောက်သည် ငါဘုရားအပေါ်ယုံကြည်မှုမရှိ၊ အနာရောဂါဒဏ် ကိုလည်း ခံစားနေရ၏။ မရိုးသားကောက်ကျစ်စဉ်းလဲ၏။ ပျင်းရိ၏။ ကြိုးစားအားထုတ်မှုမရှိ။ တွေးခေါ်မြော်မြင်သောအသိပညာလည်းမရှိ။ ထိုအင်္ဂါငါးချက်နှင့် ပြည့်စုံသူသည် ငါဘုရားနှင့်တွေ့သော်လည်း မဂ်ဖိုလ်ကို မရနိုင်။အခြားသူ တစ်ယောက်သည်ကား-

         ငါဘုရားအပေါ် ယုံကြည်မှုရှိ၏။ အနာရောဂါကင်းပြီး ကျန်းမာ၏ ။ရိုးသား၏၊ ကောက်ကျစ်စဉ်းလဲမှုမရှိ။ မပျင်းရိ၊ ကြိုးစားအားထုတ်မှုရှိ၏။တွေးခေါ်မြော်မြင်နိုင်သော ပညာလည်းရှိ၏။ထိုအင်္ဂါငါးချက်နှင့်ပြည့်စုံသူကား
ငါဘုရားနှင့်တွေ့လျှင် မဂ်ဖိုလ်ကို ရနိုင်ပေသည်။

CUSTOM MESSAGE လေးများ

၁။ ဘ၀ဆက်တိုင်း uk မှာ ဘောလုံးသမား japan မှာ ဆာမုရိုင်း us မှာ မာဖီးယား korea မှာ မင်းသား myanmar မှာ
လုကြီးသား ဖြစ်ရပါလို၏ ဘုရား။။


၂။ ချစ်သူစိမ်းလို့ တရားကိန်းတယ်။ တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ် သားရေနယ်ကွဲ့ ရှာတုန်း ချောင်အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့အုံး။


၃။ ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင် မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။


၎။ အာရုံမှာ လာလာစုစည်း သူချည်းသာလော အလွမ်းနှင့်ပါဘုရား။


၅။ မင်းရဲ့ လူမှုဆက်ဆံနည်း တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက ရေစီးကြောင်းလို ချောင်းမ၀င် မြစ်မပေါက် ခွေးနံပိန်
ဆင်းဆင်းသောက်လို့ ဗွတ်မပေါက်ပါစေနဲ့။


၆။ online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့ လိမ်ညာခြင်းပါပဲ။


၇။ say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။ I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။
I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။


၈။ အမြည်းမရှိတော့ အာပူ သူကြီး မရှိတော့ ရွာဆူ ဆိုသလို ဘုန်းတန်ခိုးမရှိတဲ့ အသင်လုသား ရည်းစားမရှိရင်
ကြူသာကြူ။


၉။ ချောတာကြိုက်ရင် မင်းသားတွေရှိတယ်။ ချမ်းသာတာမှလိုချင်ရင် သူဌေးသားတွေရှိတယ်။ ဂုဏ်မက်တယ်ဆိုရင်လဲ
စစ်ဗိုလ်တွေရှိတယ် ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ ငါ့ဆီကိုလာခဲ့။


၁၀။ ရှေ့ကသွားပါဆိုတော့လဲ အီအီးပေါက်တယ်။ နောက်ကလိုက်ခဲ့ဆိုတော့လဲ ဖိနပ်တက်နင်းတယ်။ ဘေးတိုက်ကြ
တော့လဲ အရပ်ပုလို့တဲ့။ ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။


၁၁။ နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ နင့်အစ်ကိုက ဂေါက်အိတ် နင့်မိဘတွေက ဂေါက်ကျင်း နင်တို့တစ်အိမ်
လုံး ဂေါက်ကွင်း.....ဟီး။


၁၂။ ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့် မင်းအတွက်ဆို suparman
လေးလို စွမ်းဆောင်ပေးမှာပါ။


၁၃။ အိပ်မက် တစ်ပွဲပေးပါ.. မျှော်လင့်ချက် များများထည့်… အတိတ်ဆိုးတွေ မထည့်နဲ့… အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့… ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်… ကဲ… ဘယ်လောက်ကျလဲ???


၁၄။ အချစ်ဆိုတာ ဘက်စ်ကားလိုပဲ ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။
ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။


၁၅။ ရဲဘော်တို့ အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။ ခက်ခဲမယ် ကြမ်းတမ်းမယ်။ လိုအပ်ရင် အရူးကွက်နင်းရမယ်။
အလိမ်အညာတွေနဲ့ တွေ့ မယ် သတိရှိပါ။


၁၆။ အချိန်တွေပိုနေလို.အွန်လိုင်းမှာရှိနေတာမဟုတ်ရပါဘူး..........နင်ဆိုတဲ.မျှော်လင်.ချက်နဲ.အွန်လိုင်းပေါ်မှာအချိန်
ဖြုန်းတက်ခဲ.တာ.............ငါ.ကိုငါတောင်မသိလိုက်ဘူး။ 


၁၇။ သူရဲ့အပြောမှာ ရင်ခုန်သည်… တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်… အကြင်နာချစ်စကား ပြောခွင့်ပေးပါ
အတည်…. သူ Block မှာလည်း စိုးရိမ်သည်…. သူ Sign Out မှာ သိပ်ကြောက်သည်… အခုတော့သိပြီ သူ့ကို Q မိပြီ.။


၁၈။ ထမင်းကလွဲရင် အကုန်ချက်တယ်… Gtalk နဲ့ Chat မယ်… G-mail နဲ့ Chat မယ်… Yahoo နဲ့ Chat မယ်….
VZO နဲ့ Chat မယ်…. Pfingo ပြောမယ် စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်


၁၉။ အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး… အတည်ကြိုက်ရင် အသည်းကွဲတယ်… ဖြစ်နိုင်မယ်ဆိုရင် အရာ
အားလုံးကို ကျောခိုင်းထားချင်တယ်…. နိုင်ငံတော်အလံ ပြောင်းသွားပြီ… မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း
ပြောင်းတော့မယ်… ဒါပေမယ့်… ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။


၂၀။ ငါတို့က… မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ… လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။


၂၁။ စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ အဖြေရှာကြည့်တော့ ဝေဒနာအတိ သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။


၂၂။ အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့
ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။


၂၃။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။


၂၄။ အချစ်နဲ့ အမုန်းဆိုတာ...သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...အချစ်ပြီးရင် အမုန်းလာ
မှာ အသေအချာပါပဲ...။


၂၅။ အခုတလော...ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။ မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး
နိုးနေမိတယ်။ ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။


၂၆။ လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။ ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့်
ထိန်းချုပ်တတ်ရတယ်....။ အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။


၂၇။ လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။ မေ့ဖို့အတွက်
ဆိုရင်တော့ အချိန်တွေလိုတယ်....။


၂၈။ တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။ ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်
နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။


၂၉။ ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။


၃၀။ U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။ U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်
တာပေါ့။ U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။ U Chat I Chat နှစ်ယောက်ချက်တော့ အမြန်
ကျက်တာပေါ့။


၃၁။ ဂျာမနီရေဘ၀ဲ....မင်းကို ငါမကျေနပ်ဘူးကွ။ မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်
ကိုရှုံးသွားပြီ။ မင်း မြန်မာနိုင်ငံရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။


၃၂။ လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်- ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး


၃၃။ အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............? NEED 4 SPEED လောက်ရော ရင်ခုန်
ရလို့ လား.......................? COUNTER STRIKE လောက် ပြင်းထန်လို့ လား........................? နေစမ်းပါ....
LOVER လုပ်မယ့်အစား GAMER ပဲ လုပ်တော့မယ်.......


၃၄။ စာကမရ Whisky ချစိတ်ညစ်တယ်နော် Beer ဆော်မလောက်သေးပဲ Spy ထပ်ဆွဲစက်တော်ခေါ်ရန် Brandy
ခံမနက်လင်းသော် Ice ထပ်ဆော်ကြံရာမရ Rum ထပ်ချကျောင်းသို့သွားသော် မြောင်းထဲချော်ကယ်တင်ရှင်အဖြစ်
Black Label ကစ်...။


၃၅။ Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင် Policy ကာရံထားလို့ဘာမှကိုမမြင်………..
Bamar Net ရဲ့ Connection အခြေနေရယ်မကောင်း …….. စိတ်ညစ်ပါကြောင်း ။


၃၆။ ဒို့အကြောင်း…….နည်းပညာများတိုးတက်ပြီ….. ခေတ်ရဲ့ ICT Internet မှာ Download ဆွဲ အိပ်စောင့်ရမြဲ။


၃၇။ ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ် Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း.။


၃၈။ ဟို(Net)ဆိုင်ကမီးထိန်ထိန်. ဒီ(Net)ဆိုင်ကမီးထိန်ထိန် တစ်နာရီ(၅၀၀)တောင်းပါတဲ့.ရိုက်စားတို့အိမ်….။


၃၉။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါ တနေ့တခြား…………….အကြွေးများလာမှာ………… ။


၄၀။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင် Connection တော်တော်လေး…… ညီညီညာညာ
နှုတ်ဆက်ပြေး ………။


၄၁။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာ Chatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။


၄၂။ ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ……
ပညာသတင်းစုံလေ့လာကုန် …။ဲ ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။
ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။


၄၃။ VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျိုကြည့်ကြပါဆို ………………… … အမူယာပိုအော်ကာ
ပြောတဲ့စကား ဘေးလူတွေအမြင်ကတ်တောင်မှ …………….. အရျက်မဲ့စွာသူပြန်ပြောတယ် နားပိတ်ကာထား ……


၄၄။ Zawgyi font ပျောက်နေသည် …………… စာရိုက်၍မရပါ Computer အရမ်းလေး ၊ Connection မပေါ့ပါး
တော်တော်ဆိုးပါလား…….။


၄၅။ စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ ကိုသာဇံ Software သမား …………
Download လုပ်ဖို့သူကြိုးစား ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည် ကိုဖိုးမောင်
နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်
တွေသူလေ့လာ တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။


၄၆။ ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။ Web.cam မပါ ၊ Earphone မလာ …………
တကယ်မရှိတာလား ၊ ညစ်တာလား


၄၇။ တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်………. တ၀ီဝီမြည်ရာ Net ဆိုင်မှာ……….
အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။


၄၈။ တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်……… တဂျုန်းဂျုန်းသံပေး Net ဆိုင်
ဘေးက………မရပ်မနားမီးစက်သံကွယ့်………..။


၄၉။ တောက်ခေါကတဲ့သံတညံညံ…………………Netဆိုင်ထဲကဘာဖြစ်တာလဲ…. တောက်ခေါကတဲ့သံတညံညံ……
Conneection လေး ဒေါသသံလေး……..။


၅၀။ ချာတိတ်မတွေကို… ညာရှိတ်ဦးမယ် မုန်းတယ် မုန်းတယ် မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ် အမေ့ကို မတိုင်ရဘူးနော်။


၅၁။ တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်
လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P


၅၂။ ရှာပုံတော်မင်းသားကြီး........ ၀ဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............ ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့
ခက်လှပြီ.... မနှစ်ကပေးတဲ့ မေးလ်လိပ်စာ.... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ........ မမှတ်မိတော့ခက်သာလှချေပြီ...။
Reactions: