Friday, September 21, 2012

ဗေထင်

alllike

ဗေဒင်ကို လေ့လာလိုက်စားသူတွေ ဗေဒင်ကို ယုံကြည်တတ်ကြတဲ့ ကြောင်ကလေး (အဲလေ) ကောင်ကလေး၊ ကြောင်မလေး(မှားပြန်ပြီ) ကောင်မလေးများ အတွက် ဗေဒင်လောက လေးကို မျှဝေလိုက်ပါတယ်ဗျာ.......... လစဉ်...... တစ်ရက်နေ့မှ ၅ ရက်နေ့ အတွင်း ဖော်ပြပေးသွားမှာပါ .........။



တနင်္ဂနွေသားသမီးများ
ဒီလအတွင်း သင်သည် စိတ်ရှုပ်ရှုပ်၊ လူရှုပ်ရှုပ်၊ ခေါင်းရှုပ်ရှုပ်၊ နှာတရှုပ်ရှုပ် ဖြစ်နေလိမ့်မည်။ မှော်လင်းမထားသော အရာများ ဆက်တိုက်ဖြစ်ပေါ်နေမည်။ (ဥပမာ လမ်းသွားရင်း နှပ်ပစ်ခံရခြင်း၊ ရှေ့မှ သွားနေသော မိန်းကလေး၏ ဖိနပ်နောက်မြီးကို နင်းမိခြင်း စသည်များ) အလုပ်သစ်၊ မိတ်ဆွေသစ်၊ အချစ်သစ်တို့နှင့် တွေ့ရမည်။ ပြဿနာ အသစ်မဖြစ်ပါစေနှင့်။ ရယူလိုမှုအတွက် ပရိယာယ်မာယာ သုံးပြီး ကွေ့ဝိုက်လှည့်ပတ်လျက် ဥပါယ်တံမျဉ်ပြုကာ ဉာဏ်ကစား၍ တစ်မျိုးတစမည် လှီးလွှဲပြောဆိုခြင်း မပြုသင့်။ ဒဲ့ပြောပါ။ ပါဝါမသုံးပါနှင့်။ မျှော်လင့်ချက် မထားသည့်ကိစ္စများ ဆက်ရက် ဆက်ရက် (ဇရက်မဟုတ်ပါ) ဖြစ်ပေါ်လာလိမ့်မည်။ မျှော်လင့်ချက် များစွာဖြင့် လုပ်ဆောင်ပါလေ။ အိမ်ရှေ့တွင် သင်္ဘောပင်တစ်ပင်ပေါက်လာပါက နောက်ဖေးရွှေ့ စိုက်ပါ။(မိန်းကလေးဖြစ်ပါက သင်္ဘောသားနှင့် ညားလိမ့်မည်။ ယောက်ျားလေးဖြစ်ပါက သင်္ဘောသီးသည်နှင့် နီးစပ်မည်။) နိုင်ငံရပ်ခြားခရီး စီစဉ်ထားသူဖြစ်ပါက အဆင်ပြေမည့်နီုင်ငံ နှစ်နိုင်ငံ ဖြစ်နေတတ်သည်။ ကိစ္စမရှိ။ နှစ်နိုင်ငံလုံး ရောက်အောင်သွားပါ။ (ဒါမှတစ်ရွာ တစ်ကျီဆောက်နိုင်မည်) သင့်ကို တစ်ချိန်က စွန့်ခွာခဲ့သူနှင့် ပြန်ဆုံမည်။ သင်ကတစ်ဖန် ပြန်၍ ခွာစွန့်နိုင်ရန် ကြိုးစားလေ။ သို့မဟုတ်က ပိုက်ဘောမိအံ့။

ထီထိုးလိုက Rဇာနည်သီချင်းဖွင့်လာသည့် ထီးလှည်းမှ ကြုံရာလက်မှတ်ကို ရဲရဲဝံ၀ံ စွန့်စွန့်စားစား ထိုးလိုက်ပါ။

ယတြာမှာ . . . ဓာတ်တိုင်နှစ်ပြန်စာလောက်ကို ကင်းမြီးကောက်ထောင်၍ လျှောက်ခြင်းဖြင့် အညံ့များ ဖြေဖျောက် ပစ်လိုက်ပါ။



တနင်္လာ သားသမီး

တစ်ချိန်က သင်သည်းခံစိတ်ရှည်လာခဲ့သော ကိစ္စ များယခုအချိန်တွင် ခံစားရမည်။ (ဥပမာ အုန်းသီးများ အညှောင့်ထွက်လာခြင်း၊ ကျွန်းပင်များ တစ်တောင်ခန့် မြင့်တက်လာခြင်း) အိမ်ပေါင်မခံနှင့်၊ ရွှေပေါင်မခံနှင့်၊ ကားပေါင်မခံနှင့်၊ ဘာပေါင်မှ မခံပါနှင့်။ ခံခဲ့သော် သင့်အသက်ပေါင်ကို သူများထုတ်ယူသွားကိန်း ရှိ၏။ စိတ်ကူးသစ်၊ လမ်းကြောင်းသစ်၊ ခရီးသစ်များ ဖြစ်ပေါ်ကာ အသစ်ကလေးများ နှင့်တွေ့မည်။(ရောဂါ အသစ်အဆန်းများ မတွေ့ အောင် ရှောင်ပါ) ဆွေထဲမျိုးထဲ ပြဿနာပေါ်မည်။ သင်ဝင်ပါလျှင် ပို၍ ရှုပ်ကုန်ကုန်မည်။ ရူးချင်ယောင်ဆောင်နေပါ။ (အရူးစခန်းရိပ်သာ ၀င်နေသော ၀ိဇ္ဇာဟု ထင်လျှင် အမြတ်ဟု မှတ်)

ထီထိုးလိုပါက အိန္ဒြာကျော်ဇင်နှင့် ခပ်ဆင်ဆင်တူသော မိန်းကလေး ထီးစာရေးမလေးရောင်းသော ဆိုင်ကိုရှာ၍ ထိုးပါ။ ရှာတွေ့လျှင် မျက်စိတစ်ဖက် မှီတ်ပြပြီး နီးစပ်ရာ ထီလက်မှတ်ကို ထိုးပါ။ (ထီပေါက်မပေါက် မပြောတတ်သော်လည်း သွားဖုံးပေါက်မည်မှာ သေချာ၏။)

တတြာမှာ . . . လမ်းခင်းခြင်း၊ မြောင်းတူးဖော်ခြင်း၊ ရေကန်တူးခြင်း၊ အမှိုက်ရှင်းခြင်း၊ သစ်ကိုင်းခုတ်ခြင်းများ ပြုလုပ်ပါ။ မကြာခင် စည်ပင်သာယာမှ သင့်ကိုခေါ်ခန့်ထားပါ လိမ့်မည်။


အင်္ဂါ သားသမီး

အလုပ်အကိုင် အပြောင်းအလဲ ရှိသည်။ ပြောင်းလျှင် လဲတတ်သောသဘောရှိသဖြင့် မပြောင်းက ကောင်း၏။ ပြောင်းကမကောင်း၊ ပြောင်းမကောင်းလျှင် ချိုလည်း မချို စေးလည်းမစေးသဖြင့် အရသာမရှိ။ ပလို့ပြောင်းသည် အရသာအရှိဆုံး ဖြစ်၏။ 'ပတ်ပတ်ပလို့ ဂျိ'။ ကွဲကွာနေသူများ နှင့် ပြန်လည်ပေါင်းဆုံလိုပါက ကောက်ညှင်းပေါင်းများများစားပါ။ သားသမီးများအတွက် လင်းနှင့်မယား တကျက်ကျက် ရန်ဖြစ်နေရတတ်သည်။ ကလေးများကို ဂျောက်ဂျက် ၀ယ်ပေးခြင်းဖြင့် ပြေပျောက်စေပါ။ ကာလများစါာ လိပ်ခဲတည်းလည်း ဖြစ်နေသော ကိစ္စတစ်ခုအတွက် လိပ်မှာ ဆက်၍ မခဲနိုင်တော့၍ အပြီးပြတ်သွားလိမ့်မည်။ ကပြားလူမျိုး၊ လူမျိုး'ကွဲ'၊ စကတ်'ကွဲ'၊ ဘေး'ကွဲ' များဒုက္ခပေးမည်။ ပန်းကန်ကျ 'ကွဲ'လျှင် ယတြာကျေပြီအမှတ်နှင့် လက်ပန်းပေါင်း ထခတ်လိုက်ပါ။ ခြေဖြင့်ပါ ခတ်မိ၍ နောက်တပ် ပန်းအိုးတစ်လုံး ကျ'ကွဲ' လျှင် တာဝန်မယူ။ ငယ်ရွယ်သူဖြစ်ပါက မိမိအလိုဆန္ဒအတွက် သူတစ်ပါးကို အသုံးမချမိပါစေနှင့်။ ကိုယ့်ဘာသာ ကြိုးစားပါ။ မဟုတ်လျှင် ချောင်အကွယ်တွင် အောင်သွယ်နှင့် အ၀ှာဖြစ်သွားမည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် ကျောခိုင်းခွဲခွာလျှင် သင်ယူကြုံးမရ ဖြစ်ရမည်။ (ဘေးတိုက် ဂဏန်းသွား ခွဲခွာနိုင်လျှင် မဆိုးပါ)

ထီထိုးလိုပါက ထီးအသစ်တစ်ချောင်းကို ပံ့သကူပစ် ပြီးမှထိုးပါလေ။

ယတြာမှာ . . . ယောက်ျားလိုလို မိန်းမလိုလို လူတစ်ယောက်အား မုန့်လင်မယား ၀ယ်ကျွေးလိုက်ပါ။ အညံ့ တွေ ပြေပျောက်သွားလိမ့်မည်။


ဗုဒ္ဓဟူး သားသမီး

ယခုတလော နေအိမ်တွင် နေလိုစိတ်မရှိဘဲ အိမ်စောင့်နတ်နှင့် ရန်ဖြစ်သလိုသဘောမျိုးရှိကာ အင်တာနက် ဆိုင်စောင့်သည့်နတ်နှင့် ပလဲနံပသွား၍ သင့်နေလိမ့်မည်။ ယခုတစ်လောသင့်ကို ဦးကပ်စေးဘွဲ့ ပေးကြလိမ့်မည်။ ကိစ္စမရှိပါ။ ကိစ္စရှိသည်ကား မည်သည့် သူဌေးသူကြွယ်မှ ကပ်စေးမနှဲခဲ့ကြခြင်း ဖြစ်၏။ ယခုအချိန် သင်သည် ငါ့မြင့် ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့ကား ငါစီး ဆိပ်ကြီးရောက်ရောက် ဖြစ်ချင်နေသည့် ကာလဖြစ်၏။ ရာထူးတိုးခြင်း၊ လစာတိုးခြင်းများဖြစ်လျက် သွေးတိုးခြင်း၊ သွေးနားထင်ရောက်ခြင်းများ မဖြစ်စေရန် ဂရုစိုက်ပါ။ လုပ်ဖော်ကိုင်ဖက်များ ကြားထဲ သင်ခေါင်းတစ်လုံးသာမည် (ခုံမြင့်ဖိနပ် ထူထူ ၀ယ်စီးခဲ့ပါလျှင်)။ သိပ်မြင့်ချင်လျှင် ကုလားမ ခြေထောက်စီးနိုင်၏။ သို့သော် သွားစုံစုံလင်လင်တော့ရှိမည်တော့ မဟုတ်ပါ။ ကျန်းမာရေးညံ့နေတတ်သည်။ကျန်းမာလိုသော် ပျဉ်းကတိုးသား ပါးကေးပြားထူထူခင်းပါ)

ထီးထိုးလိုပါက သင့်ရှေ့ တည့်တည့်မှ လာသည့်ကားမှ ရှေ့ဆုံးနံပါတ်နှင့် သင့်နောက်တည့်တည့်မှလာသည့် ကား၏ နောက်ဆုံးနံပါတ်များပါသော လက်မှတ်ကိုရှာထိုးပါ

ယတြာမှာ . . . အဆိုတော် ကြိုးကြာဆိုသည့် သီချင်းကို ကြိုးကြာငှက်ကလေးရှေ့မှောက်တွင် ကြိုးကြိုးစားစား ကြာကြာလွန့်လွန့် ဆိုပြလိုက်ပါ။ ကြိုးစားသမျှ မကြာခင်မှာ အဆင်ပြေမည်။

ကြာသပတေး သားသမီး

စိတ်နှင့်ပတ်သတ်သော စေဒနာများခံစားရသော ကာလဖြစ် ၍ သခွားသီးစိတ်၊ ရှောက်သီးစိတ်များစားပြီး ဆိတ်ကို အစာကျွေးပါ။ ဘာသာရေး လိုက်စားသူများနှင့် ပတ်သက်နေရ၍ ကောင်းပါ၏။ အလှူအိမ်လိုက်စားနေရသူများနှင့် ပတ်သတ်လျှင် ပို၍ကောင်း၏။ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်တက်ကြွခြင်းများမကြာခဏ ဖြစ်နေ၍ ဓာတ်လှေကား ခေါက်တုံ့ခေါက်ပြန် မျးများစီးခြင်းဖြင့် ပြေပျောက်ပါစေ။ နိမ့်ပါး သူကို ထောက်ပံ့ခြင်းဖြင့် ကုသိုလ်ယူပါ (ဥပမာ - သင့်အောက်ထပ်တိုက်ခန်းတွင်နေသူ မိန်းမချောလေးအား ပါတိတ်ဝမ်းဆက်ဝယ်လှူခြင်း) ယခုတလော သင့်ကိုယ်သင် အတော်ဆုံးလူဟု ထင်နေတတ်သည့် ရောဂါရှိနေ၏။ အမှန်မှာ သင့်ထက်တော်သူ တစ်ယောက် (ဆြာအူကြောင်ကျား) အမြဲရှိနေသည်ကို သတိထားခြင်းဖြင့် အမြန်မှန်ရလာ နိုင်ပါသည်။
(နာတွ ဟိဟိ)

သူတစ်ပါးကို သင်ကအထင်သေးခြင်း၊ အထင်ကြီးခြင်းများ ဖြစ်နေတတ်၍ သင့်အပေါ်၌ သူတစ်ပါးကလည်း အသေးထင်ခြင်း၊ အကြီးထင်ခြင်းများဖြစ်ပေါ်လာ ပြီးကမောက်ကမ ဂကြိုးဂကြောင် ဖြစ်နေတတ်သည်။ ပုံမှန်စိတ်ကို ပြန်ရောက်လိုပါက "မှန်ပုံ"ပေါ်သည့် စိတ်မွေးပါ။ လောကဓံ ကိုကြံ့ကြံ့ ခံပါက ငွေကြေးရှာက လွယ်မည်။ ငွေကြေးရှာမရ သည့်တိုင်း အခြားငွေခဲ၊ ငွေဘော်၊ ငွေသံ စသည့် သတ္ထု အရောများ ရှာနိုင်လာပါလိမ့်မည်။

ထီထိုးလိုလျှင် မိုးပေါ်ကိုမော့ကြည့်လိုက်ပါ။ ထို့နောက် ၀ဲဘက်သို့ ကြည့်ပါ။ ထို့နောက် ယာဘက်သို့ ကြည့်ပါ။ ရှေ့ဘက်သို့ ကြည့်ပါ။ နောက်ဘက်သို့လှည့်ကြည့်ပါ။ ဂဏတစ်လုံးလုံးတွေ့လျှင် ပေါက်ဂဏန်းဟုမှတ်။ မတွေ့လျှင် မထိုးနှင့်။

ယတြာ . . . 'အဟတ်ဟတ်ဟား ဟိဟိဟိ ခွိခွိခွိ' ဟူ၍ ၀ရန်တာမှာ ထွက်ပြီး ဆယ်ကြိမ်အော်ပါ။ (ဆယ်ကြိမ်ပြည့်ရင် ကံကောင်းတာပဲ အဟိ)

သောကြာ သားသမီး

ယခုလအတွင်း လူလိမ်ခံရမည်။ အလိမ်မခံလိုသော် . . . သင့်ဇနီးသည်၏ လက်ချောင်းများနှင့် သင့် ဗိုက်ခေါက်ထူထူတို့ ဝေးဝေးနေပါစေ။ ငယ်ရွယ်သူဖြစ်လျှင် အခွင့်အရေးနှစ်ခု တစ်ပြိုင်တည်း ရမည်။ ဟိုလိုလို သည်လိုလို နှင့် မှောက်သစ်ကိုင်းလွတ် ဖြစ်မည်။ သစ်ကိုင်းမလွတ်လိုက ချစ်တိုင်း ဖွတ်အလိုကျ နှစ်ခွစလုံး ကြံပါလေ (တစ်နှစ် တည်း နှစ်မင်္ဂလာမပြုကောင်းသော်လည်း တစ်ရက်တည်း နှစ်မင်္ဂလာ မပြုကောင်းဟု ဘယ်စာထဲမှာမှ မရှိပါ။) ငွေဝင်များသကဲ့သို့ ထွက်ငွေလည်း များမည်။ အ၀င်အထွက် မျှတစေရန် ပိုက်ဆံအိတ်တစ်ခြမ်းစီတွင် '၀င်' စာလုံး 'ထွက်' စာလုံးရေး၍ ကပ်ထားလိုက်ပါ။

ထီထိုးလိုသော် မိန်းကလေးအဆိုတော် သုံးယောက်တွဲ သီဆိုထားသည့်သီချင်းသံကြားသည့်အချိန်တွင် 'နိုးကြား၊ ရိုးသား၊ ကြိုးစားမယ်ဟေ့' ဟု အော်ပြီး နီးရာ ထီးဆိုင်မှာ ပြေးထိုးလိုက်ပါ။

ယတြာမှာ . . . 'ဗေလုဝ' ကြော်ငြာလာချိန်တွင် ဖန်သာမြင့်ကို စေ့စေ့ကြည့်လျက် "သင့်ထံမှ အောင်မြင်မှု ဇာတာစန်းလာဘ်များ ငါရလိုတယ်ကွာ။ ဒါပေမဲ့ သင့်ရူပါမှလွဲ၍ . . .' ဟူ၍ သက်စေ့ဆုတောင်းပါ။

စနေသားသမီး

သူတစ်ပါးနှင့် မတူသော ခေါင်းမာမှု ဇွဲကြီးမှုများက သင့်ကို အောင်မြင်လိမ့်မည်။ သို့သော် သင့်ခေါင်းတွင် ပိန္နဲသီးကဲ့သို့ အဖုအပိန့်များ ထွက်လာခြင်းကိုတော့ သည်းခံပါလေ။ အတိုက်အခိုက်၊ ချောက်တွန်းခြင်း၊ ကမ်းပါးပြတ်မှ တွန်းချခြင်းများ ကြုံရမည်။ မကြောက်ပါနှင့် ကျောက်ပါလျှင် ရောင်းစားလိုက်ပါ။ အထက်လူကြီးနှင့် အပြောအဆို ပါးနပ်ပါစေ။ မပါးနပ်သော် ခါးပြတ် လိမ့်မည်။ ခါးမပြတ်လိုက ' ဖား၊ ကပ်' သည့် ပညာများကို သင်ကြားထားပါလေ။ သင်မကြားပါက နားမျက်စီဆေးရုံသို့ ပြ။
အများနျင့်ဆက်ဆံသောအခါ အိုးရွဲ့လျှင် စလောင်းရွဲ့မည်၊ ပါးကိုက်လျှင် နားကိုက်မည် ဆိုသော စိတ်ကူးများ မထားပါနှင့်။ ထိုစနစ်များသည် ရိုးအီနေပြီဖြစ်သောကြောင့် စနစ်သစ်ကို ထူထောင်သည့်အနေဖြင့် အိုးရွဲ့လျှင် ရွဲ့သောအိုးကို ရိုက်ခွဲပစ်မည်။ ပါးကိုက်လျှင် သူ့ပါးကလေးကို မွှေးကြူပစ်လိုက်မည်ဟူ သော စိတ်ကူးကိုသာ ပြောင်းလဲထားလိုက်ပါ။

ထီထိုးလိုသော် အရှေ့ဘက် မိုးကောင်းကင်မှ ပျံသန်းလာသော ကြက်တူရွေး (စာထဲတွင် ရွက်တူကြေး ဟုတွေ့ရ၏) ကောင်ရေကို သတိထားထိုးပါ။

ယတြာမှာ . . . "သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ" ဟူသောစားတန်းကို ၀ယ်ယူပြီး အောက်နား၌ "ကျွန်ုပ် ဆိုးသော်လည်း သင်ကောင်းမြဲတိုင်းး ကောင်းနေရမည်". . . ဟူသော စာတန်းကို ဖြည့်စွက်ရေးသား၍ ချိတ်ဆွဲထားလိုက်ပါ။

ဝမ်းမှန်ပါသည်
ဗေဒထိပ်ပန် ဆြာကြီး
အူကြောင်ကျာ