CUSTOM MESSAGE အလန်းလေးများ
♥♥♥ အချစ်တစ်မျိုးရှိတယ်... အနာဂတ်အတွက်မရေရာပေမယ့် အဲဒီအချစ်အတွက် ပေးလိုက်တဲ့နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး....♥♥♥
!!! အချစ်ဆိုတာ အသစ်မလာခင်ထိပဲရူးသွပ်တာပါ အသစ်လာတော့ မင်းကရယ်စရာပေါ့ မာနကြီးမနေနဲ့ ငါအသစ်မတွေ့သေးလို့ သည်းခံနေတာ..... !!!
/// လိမ်ချင်ရင် ကြိုးကျစ်... ချစ်ချင်ရင် ဘောပင်ဆောင်ထား...
အကွက်ရွေ့ချင်ရင်ကျားထိုး...ကြောင်ချင်ရင်တော့ ညမအိပ်နဲ့..
fallချင်ရင်ခုန်ချ...လာတော့မဖြီးနဲ့ ///
♥♥♥ ကဗျာဆန်ဆန် တွေ့ဆုံခဲ့တာ မဟုတ်ပေမဲ့ ၀တ္ထုဆန်ဆန်ပဲ ခွဲခွာခဲ့တယ် နှလုံးသားကို ငုံကြည့်လိုက်တော့
အံသြစရာကောင်းစွာပဲ နှလုံးသားကလည်း ရုပ်ရှင်ဆန်ဆန်ကြီး ငိုကြွေးနေတယ် ♥♥♥
ဆေးလိပ်နေ့တိုင်းသောက်ကြည့်ပါ..... ပုံမှန်ထက်၃နှစ်စောသေမယ်။
အရက်နေ့ တိုင်းသောက်ကြည့်ပါ .....................ပုံမှန်ထက်၁၀နှစ် စောသေမယ်။
လူ၁ယောက်ကိုအချစ်စစ်နဲ့ ချစ်ကြည့်ပါ.................သင်နေ့ တိုင်းသေလိမ့်မယ်။
အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?
NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?
COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?
နေစမ်းပါ....LOVER လုပ်မယ့်အစားGAMER ပဲ လုပ်တော့မယ်........။
အချို့က ချစ်လျက်နဲ့ ကွဲကြတယ်... ဒါပေမယ့်.... မုသားတွေပါတယ် ...။
အချို့က ကွဲလျက်နဲ့ ချစ်ကြတယ်... ဒါပေမယ့်.... မာနတွေပါတယ် ....။
အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်... ဒါပေမယ့်.... အချစ်ဆိုတာပါတယ် ...။
ငါနင့်ကို၂ပြားမတန်အောင်ပြောမိတာအတွက် ငါတောင်းပန်ပါတယ်ဟာ ငါသေချာစဉ်းစားမှပဲ နင်ကတစ်ပြားမှကိုမတန်တာ သိတော့တယ်....
"ဇ" ရှိတယ်နော်..... ထမင်းစားရင် ဇွန်းနဲ့ ဇလုံနဲ့ အီးပါရင် ဇောက်ထိုး... မော်ဒယ်ဆိုရင် ဇူဇူးမောင်နဲ့ ဇင်ဇင်ဇော်မြင့် အဆိုတော်ဆို ဇမ်နူး လူသတ်ရင် "ဇွတ် ဇွက် ဇွိ" သုံးချက်ပဲ......
မင်းမှာမကောင်းတာနှစ်ခုပဲ ရှိတယ် ရုပ်ရည်လေးနဲ့ $ကျင့်လေး ...
မင်းက မင်းကို ချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတာ ငါက ငါ့ကို မချစ်တဲ့
သူတစ်ယောက် ဆုံးရှုံးရတာ အေးဆေးပဲ...
ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး...
အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး...
သတိတွေတော့ရသေးတယ် တွေ့ ချင်စိတ်တော့မရှိတော့ပါဘူး...
လူတွေကပြောတယ်အချစ်မရှိရင်သေနိုင်တယ် တဲ့ မဖြစ်နိုင်တာအချစ်က oxygenမှမဟုတ်တာ...
မြွေကြီးလို့သာ နဂါးဖြစ်လာတာ၊ ထောင်ပြစရာ အမောက်ကမရှိဘူး။
လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ၊ ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။
ချစ်လို့သာရည်းစားဖြစ်နေတာ အမြဲတွေ့ရတယ်ကိုမရှိဘူး။
ဟိတ် ~ ဟိုကောင်လေး ခုချက်ချင်းရပ်စမ်း!! အမယ် ~ ငါ့အသည်းကိုများ ဓားနဲ့လှီးဆော့နေသေးတယ် …. နာတော့မယ်~!! အောင်မာ .. ဘုရှိုးလာရှိုးမနေနဲ့!!! နင့်လက်ဓားရှမှာစိုးလို့ တားနေတာ
နာမည်မေးခါနီးရင် Connection က ကျပြီ….လိမ်စာမေးခါနီးရင် Connection က ကျပြီ….ဖုန်းနံပါတ်လေးပြောခါနီးရင် Connection က ကျပြီ …နင် တနေ့ဝဋ်လည်မယ် Connection….ဟင်းးး :(
ငါချစ်လို့ နင်စိတ်ညစ်မယ်ဆို.. နင်မသိအောင်ငါချစ်မှာပေါ့ … မုန်းဖို့တော့မခိုင်းနဲ့လေ……… မေ့ဖို့ဆို ပိုဝေးတယ် …… စဉ်းစားကြည့်ပါလား…. ဘယ်တရားမလဲ.. ငါ့လဲငါ့ခံစားချက်နဲ့ငါပဲဟာ
♥ ♥ငါ ချစ်သလောက် မချစ်လဲ နေပါ♥ ♥
♥ ♥ငါ လွမ်းသလောက် မလွမ်းလဲ ရပါတယ် ♥ ♥
♥ ♥မင်း ထားခဲ့ မယ် ဆိုလဲ ငါကျေနပ်ပါတယ် ♥ ♥
♥ ♥ဒါပေမယ့် တိုက်ဆိုင် မှုလေး တွေ၇ှိ၇င်တော့ သတိ၇ပေးပါဟာ♥ ♥
ဓါးလဲသွေးပေးထားတယ်။
ရင်လဲခွဲပေးထားတယ်။
ဆားနဲ့လဲပက်သွားသေးတယ်။
ဒါတောင်နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့အသင့်ပါပဲ။
နောက်ကျောကို ဓားနဲ့ မထိုးပါနဲ့ ..
ငါရှေ့ ကိုလှည့်ပေးပါ့မယ်..
ဒါပေမယ့် ရင်ဘတ်ရဲ့ ဘယ်ဘက်ကိုတော့
မထိုးမိစေနဲ့ အဲဒီမှာ မင်းရှိတယ်.. ..
ဂရုစိုက်ရင် လက်ကလေး ဓါးရှသွားမှာတောင် စိုးရိမ်ရင် စိုးရိမ်မယ် ဂရုမစိုက်တော့ရင်တော့ ငါ့ရှေ့မှာ နင့်ကိုယ်နင် ဓါးနဲ့ ထိုးပြီး သေမယ်ဆိုရင်တောင် လှည့်မကြည့်ဘူး...
ဘာ...အချစ်ကနင်ဆော့နေတဲ့Gameလောက် တန်ဖိုးမရှိဘူး..ဟုတ်လား???
Hak! ~သေလိုက်လေ ..
အချစ်က 1500 နင်ဆော့နေတဲ့Game က တစ်နာရီ 300 တခြားစီဘဲ ~~~~
ငါ့နှလုံးသားက ရယ်နေတဲ့ ငါ့နှုတ်ခမ်းကိုပြောတယ် သူလဲပျော်ချင်တယ်တဲ့ ....
အဲဒီတော့ မျက်ရည်လည်နေတဲ့ ....
ငါ့မျက်ဝန်းက ငါ့နှလုံးသားကို ပြန်နှစ်သိမ့်တယ် ......
သူလဲဟန်ဆောင်နေတာပါကွာတဲ့ ...
ခံစာချက်တွေကိုဖွင့်ပြောနေလို့လည်း.......မင်းသိမှာမို့လား.......
ငါရင်တွေကွဲသွားတော့လည်း............မင်းသိမှာမို့လား...........
ဟန်မဆောင်တန်းပြော၇ရင်........
မင်းမှာစာနာနားလည်တတ်တဲ့...........
နှလုံးသားမှမရှိတာ.............ဟုတ်တယ်မလား
ချစ်သူ................
ဘဲလား မနေ့ကပဲဆုံးတယ်....ဟင် ရည်းစား ဟုတ်လား...
မနက်ဖြန်ရက်လည်လေ...ချစ်သူကိုတော့မမေးနဲ့....
သူများတွေလုမှာစိုးလို့...ရေခဲတိုက်ထဲမှာ...လုံလုံခြုံခြုံထားထားတယ်... :D
**ငါနင့်ကို မမေ့ပါဖူး.. နင့်စိတ်ထဲ ငါမရှိတော့လို့ ငါနင့်ကို
အေးစက်သွားတာ…. ငါနင့်ကို မမုန်းပါဖူး… နင့်အချစ် ငါ့အတွက်မဟုတ်တော့လို့
ငါနင့်ကို ရင်မခုန်တော့တာ….***
နှုတ်ဖျားက မထွက်လေတိုင်း......မပြောဘူးမမှတ်ပါနဲ့ ။ ...
ငါ့ မျက်လုံးက အဓိပ္ပါယ်ထောင်သောင်းမက ရှိနေတာကို…..မင်း စာလုံးပေါင်းကြည့်စမ်းပါ..
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်နေဖို. ခက်ခဲတာပါ.....
အပေါဆုံးကပိုက်ဆံပဲ မွေးရာပါအားနည်းချက်ရုပ်ချောတာ စိတ်ညစ်ရတဲ့အထဲမှာလေးစားမှုတွေအရမ်းရနေတာလည်းပါတယ် ဘာလုပ်လုပ်အောင်မြင်နေတော့ တခါတလေလည်း လေတာပေါ့...
“ငါဟာ” …နင့်ရဲ့မျက်ရည်တစ်စက်ဆိုရင် နင်နှုတ်ခမ်းထက် ငါကြွေကျပြီး နင့်နှလုံးသားထဲထိ စီးဆင်းမယ်။ နင့်သာ ငါရဲ့မျက်ရည်တစ်စက်ဆိုရင် ဒီတစ်သက် ငါမငိုတော့ဘူး။ နင့်ကို ဆုံးရှုံးမှာစိုးလို့ပါ..
ငါက နင်ပြုံးနေရင်!!~ ကျေနပ်သူ နင်ငိုနေရင်~~!အနေခက်သူ! !!နင့်ကိုမတွေရရင်!!မနေတတ်သူ~~ ~~နင်လိုသမျှ ~~ပေးဆပ်ချင်သူ ~~နင်မှားသမျှလည်း ~~မငြိုငြင်တတ်သူ~~!! နင့်ကို!! ဒီလို !!ရူးသွပ်သူ!!<~~ !_! ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…♥♥♥ ငါ့အသည်းက အက်နေတာ.နော်.. နင်လိုချင်ရင်..အနည်းဆုံးတော့. ပတ်တီးမဟုတ်ရင်တောင်… ပလာစတာလေး တော့ ယူခဲ့ဟာ…. လောလောဆယ် ကိုင်လို.ကို မရတာ.. .. ထိတာနဲ့ ကွဲမှာဆိုးလို. ငါတောင်.. ဂျောင်ထိုးထားရတယ်.. ။။ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်လို့ မင်း ကိုမတွေ့တဲ့အခါ.... အချိန်နာရီ တွေကိုမုန်းတယ် နေရာဒေသ တွေကိုမုန်းတယ် ကိုယ့်ကိုကိုယ် လဲမုန်းတယ် မင်းနဲ့ဝေးလွန်းလို့.... မင်းကုသလို့ရုပ်ဆိုးပေမယ့် ဒဿဂီရိလိုအချစ်နဲ့ပါဟာ ရက်စက်ဖို့တော့မစဉ်းစားနဲ့နော် ငါ့အငြိုးကစူဠသုဘဒ္ဒါထက်ကြီးတယ်.... ငါကဧ၀မဟုတ်လို့အာဒမ်မုန်းမှာမကြောက်ဘူး... ငါကဂျူးလိယက်မဟုတ်လို့ရိုမီယိုမုန်းမှာမကြောက်ဘူး... ဒါပေမယ့်... ငါကငါဖြစ်နေတော့နင်မုန်းပြီးမေ့သွားမှာကြောက်တယ်... ငါကနင့်ရဲ့........... ပထမလူပဲဖြစ်ဖြစ် ဒုတိယလူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး...... ငါဖြစ်ချင်တာက နင်ရင်ထဲက ထာဝရလူပဲဖြစ်ချင်တာပါ...... ☆¸.•°*”နင့်ကိုလွမ်းရလွန်းလို့ အလွမ်းတွေကိုတောင်ငါချစ်တက်နေပြီ.... နင့်ကိုစောင့်ရလွန်းလို့အထီးကျန်ခြင်းကိုငါနှစ်သက်နေပြီ..... နင့်ကိုနားလည်ပေးရလွန်းလို့ ငါ့ကိုယ်ငါနားမလည်နိုင်တော့ဘူး...... နင့်ကိုချစ်တက်လွန်းလို့ငါ့ကိုယ်ငါမုန်းမိနေပြီ˜˜”*°•. ☆ တောင်းနေရင် မပေးချင်ဘူး ပေးနေရင် မယူချင်ဘူး လိုက်နေရင် ပြေးချင်တယ် ရှိနေရင် တန်ဖိုးမထားဘူး အရှုံးပေးပါများရင် အရူးးဖြစ်တယ် အဲဒါအချစ်လား ????? ငါ့မှာဖျောက်ဖျက်မရတဲ့အကျင့် တွေအများကြီးရှိတယ်... ငါနင့်ကိုသိပ်ချစ်တာရယ်.... ငါနင့်ကိုအရမ်းလွမ်းတာရယ်.... ငါနင့်ကိုသ၀န်တိုတာရယ်ပဲ..... ၃၀၀ ပေးပြီး dota ခုတ်ရင်တောင် ၁ နာရီပျော်ရသေးတယ်..... ငါ့ နှလုံးသားတစ်ခုလုံးပေးပြီး နင့်ကိုချစ်ရတာ တစ်မိနစ်တောင်မပျော်ရပါလား.... (^~^) တစ်နေ့တစ်နေ့ လွမ်းလို့ သတိရလို့ နေတယ်.... တစ်ချက်တစ်ချက် မင်းကိုလွမ်းလို့ ငါမျက်ရည်ကျမိတယ်.... တစ်ခါတစ်ခါ မင်းအနားကို ငါအပြေးသွားလိုက်ချင်တယ်.... တစ်ညတစ်ည မင်းကိုသတိရလို့ ငါအိမ်မက်တွေက လန့်လန့်နိုးရတယ်.... သိပ်ပြီးမာန်တက်မနေနဲ့ ငါနင့်ကိုချစ်နေလို့ ငါ့အတွက်နင်က 1500တန်နေတာ ငါနင့်ကိုမုန်းတဲ့နေ့ နင်က 15 ကျပ်တောင်တန်မှာမဟုတ်ဘူး ပိုးစိုးပက်စက်ချစ်သည်၊ ပက်ပက်စက်စက်ချစ်သည်၊ သောက်ကျိုးနည်းချစ်သည်၊ မှောက်ထိုးလဲချစ်သည်၊ အသံမြည်အောင်ချစ်သည်၊ ထိုမျှထိခြစ်သော်လည်း မင်မထွက်သော ဘောပင်အား လွှင့်ပစ်ရန်သာ သင့်တော့သည် !!! ငါအရွဲ့တိုက်တတ်တာ နင်သိတယ်… ငါစိတ်ကောက်တတ်တာ နင်သိတယ် … ငါဝမ်းနည်းတတ်တာ နင်သိတယ် … ငါရစ်တတ်တာ နင်သိတယ်… ငါနင့်ကို အရမ်းချစ်တာ နင်ဘာလို့မသိရတာလဲ... မျောက် သုံးကောင်ရှိကြသတဲ့။ ပထမ တစ်ကောင်က ငှက်ပျောသီး စားနေလေရဲ့။ ဒုတိယ တစ်ကောင်ကတော့ သစ်ပင်တွေပေါ်မှာ ဟိုကူး ဒီကူးနဲ့ ကစားနေ၏ တဲ့.... တတိယ တစ်ကောင်ကတော့ ဒီစာကို ဖတ်နေပါကြောင်း....:P တယ်လီဖုန်းတွေမှာ ကြိုးမပါတော့ဘူး။ ကင်မရာမှာ ဖလင်မပါတော့ဘူး။ Computer တွေမှာ floppy မပါတော့ဘူး။ လူတွေမှာ အကြင်နာတရား မပါတော့ဘူး။ စကားလုံးတွေမှာ အမှန်မပါတော့ဘူး။ သင့်ကြောင့် ကျွန်ုပ် စိတ်မညစ်ပါစေနှင့်။ ကျွန်ုပ်ကြောင့် စိတ်ညစ်ရင်တော့ သီးခံ :D တကယ်တော့ အထီးကျန်ခြင်းဆိုတာ ရှိစေချင်သူနဲ့ အတူတကွ ရှိမနေခြင်း ပဲ ဖြစ်သည်... ကိုယ့်ဘာသာ ယ နဲ့ ယူနေတာကို ဆ နဲ့ လာဆူတော့ ဘ နဲ့ ဘယ်လိုနေရမှန်း သိတော့ဘူး... လွမ်းတယ်ချည်းပဲ ပြောနေရတာ ပျင်းလာပြီ...။ တခါတလေ မလွမ်းဘူးလို့ပြောပြီး ကျောချင်းကပ် နေကြည့်ရအောင်...။ မျက်ရည်တစ်ပေါက်ကြရင် အနမ်းတစ်ပွင့်ပေးကြေးပေါ့...။ ငါမငိုဘူး .. ♣ ..မျက်ရည်တော့ကျဖြစ်တယ် ....... ငါအသဲမကွဲဘူး .. ♣ ..ရင်ထဲမှာတော့အောင့်သက်သက်......ငါမရှုံးဘူး .. ♣ ..ခေါင်းငိုက်စိုက်တော့ဖြစ်နေတယ် .......ငါမလွမ်းဘူး .. ♣ .. ဖွဖွလေးတော့သတိရမိတယ် ငါ့ ရင်ခွင်မှာ နင့်အတွက် အမုန်းဆိုတာမရှိခဲ့ပါဘူး..........နင်သိထားပါ...နင်ဟာငါ့အတွက် ပထမဆုံးသူ မဟုတ်ခဲ့ပေမဲ့ နောက်ဆုံးသူပဲ ဆိုတာ.............I l✏\/e yϧu♥ စွန်.လွတ်ရတာများလို.လားမသိဘူး.......ပိုင်ဆိုင်တယ်ဆိုတာတောင်..................ဝေေ၀၀ါးဝါးနဲ......ငါကျွမ်းကျင်တဲ့........အတတ်ပညာဆိုလို.........ပေးဆပ်တာတစ်ခုပဲရှိတော့တယ် ယုံအောင်လဲပြောတတ်တယ် လွမ်းအောင်လဲချွဲတတ်တယ် ချစ်အောင်လဲကြူတတ်တယ် ပျော်အောင်လဲထားတတ်တယ် ငိုအောင်လဲစတတ်တယ် ငါ့ကို....သစ္စာဖောက်ရင်တော့ သေအောင်လဲ....သတ်တတ်တယ်.... ဘာ အချစ်!!!!!!!!ဟုတ်လား????? အချစ်ကိုလိုက်ရှာနေတာလား.. ဒါဆိုရင် စိတ်တော့မကောင်းဘူး ခုနကလေးတင်လွှတ်ပစ်လိုက်ပြီ လိုချင်ရင်သွားကောက်လိုက် ဟိုရှေ့ က အမှိုက်ပုံထဲမှာ ရှိချင်ရှိဦးမှာ ဘ၀င်သိပ်မြင့်မနေနဲ့..မင်းမှမဟုတ်ဘူး....ဘယ်တော့မှမနစ်မြုပ်ပါဘူးဆိုတဲ့တိုက်တန်းနစ်တောင်...ရင်ကွဲသွားတယ်... ကံကြမ္မာဆိုတာ...မြေပုံညွှန်းပေးထားတာမဟုတ်ဘူး...ပေါက်တယ်နော်.. အမိုက်မဲဆုံးလူ ၂ ယောက်ရှိတယ် တစ်ယောက်က ဆူဠလိပ်ကို ရေထဲလွှတ်တဲ့ အမတ်ကြီးရယ် နောက်တစ်ယောက်က နင့်ကိုချစ်နေမိတဲ့ ငါရယ်။။ မင်းအတွက် တော့ငါနေရာ မှာ အစား ထိုးတာလွယ်ပေမယ့် ငါအတွက်တော့မင်းနေရာမှာ မင်းတယောက်ထဲ မြဲနေတယ် အသဲဆိုတာ1ခါကွဲပြီးရင်နာသွားတယ် နာတဲ့အတွက်ရောင်သွားတယ် ရောင်တဲ့အတွက်အသဲကကြီးသွားတယ် ကြီးတဲ့အတွက်နောက်1ယောက်ပိုဆန့်သွားတယ်!!!!! မနေ့က နင် online မလာဘူးနော် ငါ့စိတ်ထဲမှာတစ်မျိုးကြီးပဲ ငါထင်တာကနင်သေသွားပြီလားလို့ ငါ့မှာဖြင့် ပျော်လိုက်ရတာ.... ဟင့်...အခုတော့ နင်ကဘာမှမဖြစ်ဘူးတဲ့........ မအားပါ..ဘယ်သူကိုမှပြန်မချက်ပါ..အကယ်ရ်ျသင့်ကိုပြန်ချက်လျှင်VIP ဟုသတ်မှတ်ပါ.. VIP=very ignore person..VIP=နလိန်ပိန်းတုံး.. ဘာ........!!!!!! အမုန်းတွေမရှိတဲ့ နယ်မြေသစ်ကို တို့နှစ်ယောက် အတူသွားချင်တယ်။ ဟုတ်လား ????? အဲဒီမှာ...အမုန်းတင်မကဘူး အဲဒီမှာ စားစရာလဲ မရှိ သောက်စရာလဲမရှိဘူးဟဲ့.... သွားချင်ရင်နင်ပဲသွား ...... :P ဟုတ်ပါတယ်.....ငါကအစွဲအလမ်းကြီးတဲ့သူပါ.. မဖြစ်နိုင်လောက်တော့ဘူးဆိုတာ သိပေမယ့် မျှော်လင့်ချက် အလင်းရောင် နည်းနည်းလေးနဲ့ ရှင်သန်နေရတာပါ..... ♥♥ မင်းအတွက်အလိုအပ်ဆုံးအရာဟာ ငါမဟုတ်တော.ဘူးဆိုရင် ငါ့အတွက်အလိုအပ်ဆုံးအရာဟာနင်ကျေနပ်သွားဖို့တစ်ခုတည်းပါ ♥♥ ကြာရှည်စွာစိတ်ဓာတ်အလွန်အမင်း ကျဆင်းမှုဟာ အဆိပ်မလိုသော သေဆေးဖြစ်သည်... မဟားဒယား busy…..ပိုးစိုးပက်စက် busy….. သေလုမျောပါး busy….. အသည်းအသန် busy….. သေအံ့မူးမူး busy….. တကယ့် တကယ် busy….. အမှန်အကန် busy….. လုံးဝလုံးဝ busy….. ပစ်စလက်ခတ် busy….. အုံးအုံးကြပ်ကြပ်busy….. သေမလိုလို busy….. နေတယ်လို့ request လုပ်ထားမယ်နော်….. ဘာ!!!ငါ့ကိုအပျော်တွဲတာဟုတ်လားးတောက်..ငါ့မှာတော့အတည်ထင်ပီးဘယ်လိုပတ်ပြေးရင်ကောင်းမလဲလို့ စဉ်းစားလိုက်ရတာမောနေတာပဲ..စောစောကပြောပါလားအစုတ်ပလုပ်လေးရဲ့…:P နေခဲ့တော့လို့..တစ်ခွန်းပဲပြောလိုက်..လှည့်မကြည့်တော့မယ့်နင့်ကို…မျှော်မကြည့်မိအောင်. မာနနဲ့တစ်ထပ်တည်းကျတဲ့အချစ်တစ်ခုနဲ့ငါ့ရဲ့နှလုံးသားကိုထုတ်ပိုးပြင်ဆင်ထားလိုက်တော့မယ်... နှုတ်ခမ်းဆိုတာလိမ်ညာဖို့နေရာ…မျက်လုံးဆိုတာဝန်ခံဖို့နေရာ… ငါ့နှုတ်ခမ်းကပြုံးနေတဲ့အခါ..ငါ့မျက်လုံးကိုဆက်မကြည့်ပါနဲ့… ♥♥♥ မတွေ့ဘဲနေနိုင်ပေမယ့် မလွမ်းဘဲမနေနိုင်ခဲ့ပါဘူး မသိချင်ယောင်ဆောင်နေခဲ့ပေမယ့် သတိမရဘဲမနေနိုင်ခဲ့ပါဘူး လူတစ်ယောက်ကိုချစ်ရတာပင်ပန်းပေမယ့် မမုန်းနိုင်ခဲ့ပါဘူး ♥♥♥ ဘ၀က မခမ်းနားပါဘူး.... ဒါပေမဲ့.... လိပ်ပြာသန့်  အောင်တော့... အသက်ရှင်တယ်.... အချစ်ကလဲ မခမ်းနားပါဘူး....ဒါပေမယ့် မုသားကင်းတဲ့ အချစ်ဖြစ်အောင်နေတယ် နင့်ကိုချစ်နေရရင်ကျေနပ်ပါတယ်... ငါ့ရင်ထဲမှာနင့်ကြောင့် နာကျင်နေရရင်တောင်... နင့်ရှေ့ကျပြုံးနိုင်အောင်ကြိုးစားမှာပါ.. နင်တစ်ယောက်တည်း င့ါအချစ်တွေကို.... အပိုင်သိမ်းထားလို့ ဘယ်ဖြစ်မလဲ နင်ရှေ့ကစီနီယာတွေကို ကျော်တက်ရဲလို့လား..... ငယ်ပါသေးတယ်.... ခလေးရယ် ပုခက်ထဲပြန် အိပ်နေလိုက်ဦး...အလှည့်ရောက်ရင်နှိုးမယ်.... ချစ်သူရေ... မင်းနာမည်ကို သဲသောင်ပြင်ပေါ်မှာ ငါရေးခဲ့တယ်။ ဒါပေမယ့် ရေတွေက အဲဒီနာမည်ကို ဖျက်ဆီးပစ်ခဲ့တယ်။ မင်းနာမည်ကို လေထဲမှာ ငါရေးခဲ့တယ်။ ဒါပေမယ့် လေနဲ့အတူ အဝေးကို လွင့်ပါပျောက်ကွယ်သွားခဲ့ရတယ်။ အဲဒါကြောင့်... မင်းနာမည်ကို ငါ့အသည်းနှလုံးမှာ ရေးထိုးလိုက်တယ်။ အခု ငါနှလုံးရောဂါရနေပြီလေ ... ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရမယ် နင်ကတစ်ခုခုဆို..ငါ့ကြောင့်..ငါ့ကြောင့်ဆိုပီး..အပြစ်တင်တက်ပေမဲ့..ငါကတစ်ခုခုဆို.. နင့်အတွက်..နင့်အတွက်..ဆိုတာကိုစဉ်းစားရင်းနဲ့..ငါ့အတွက်ဆိုတာကိုပါမေ့သွားတက်တယ်…. ပန်းပေးရင်..အလှမ်းဝေးတယ်တဲ့..ဒါဆိုငါမုန့်ဖိုးလေးတွေစုပီးးပြင်ဦးလွင်က အမျိုးသားကန်တော်ကြီးပန်းခြံကိုနင့်အတွက်ဝယ်ပေးမယ်…ဘ၀ဆက်တိုင်းဝေးရပါစေဟာ :P နင့်ကိုသတိရတိုင်းသာ..ကြယ်တစ်ပွင့်ကြွေကျမြေခ ရမယ်ဆိုရင်..လမင်းကြီးအထီးကျန်သွားမှာပေါ့ လမ်းခွဲပီးရင်သူငယ်ချင်းလုပ်လို့မရဘူးးဘာလို့လဲဆိုတော့တစ်ယောက်ကိုတစ်ယောက်နာကျင်မှုတွေပေးထားလို့.. ရန်သူတွေလဲမဖြစ်နိုင်ဘူးးဘာလို့လဲဆိုတော့..နင့်ကိုသိပ်ချစ်ခဲ့လို့ပေါ့…. အချစ်ဆိုတာမိုးဖွဲလေးတစ်ခုလိုပဲ…ရွာနေချိန်မှာသတိမထားမိပေမဲ့...သိလိုက်ရချိန်မှာတော့တစ်ကိုယ်လုံးရွဲရွဲစိုနေခဲ့ပြီ ကြယ်ကြွေတယ်ဆိုတာ..မြင်တဲ့သူကသာကြည့်လို့လှတာပါ.. ကြွေသူရင်ထဲဘယ်လောက်ထိခံစားရလဲဆိုတာ..ကြယ်လေးပဲသိတာပါ... အချစ်တွေမဦးခဲ့ပေမယ့်..အချစ်ဆုံးတော့ဖြစ်ချင်မိတယ်... သူ့ရင်ထဲကနေရာ..ခိုနားဖူးသူရှိခဲ့မှန်းသိလဲ.. ငါဟာ..နောက်ဆုံးနဲ့..အမြဲနေသွားရမယ့်သူဖြစ်ရင်ပဲကျေနပ်ပါတယ်..... လမ်းခွဲကြတော့မလားးဒါဆိုရင်တော့Bye Bye.. နှစ်သိမ့်ဖို့ဆိုရင်တော့ no need.. ပြန်လာမယ်ဆို၇င်တော့sorryပဲ.. သက်ရောက်မှုတိုင်းမှာ..တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်.. ငါလဲနင့်လိုပဲမာနကြီးတယ်ဆိုတာ..မမေ့နဲ့....... လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။ မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။ ဟုတ်ပါတယ်... လုပ်ပါကွယ်... နင်ဘာဖြစ်ဖြစ် ငါချစ်တယ်။ ယုံပါတယ်.. ညာပါကွယ်... နင်လိမ်တာကို ငါသိတယ်။ ဆက်ညာတယ်... ထပ်ခါရယ်... ငါ့ကိုငတုံးလို့ ထင်နေလည်း...ငါ့ရင်ထဲက အချစ်ကိုတော့ စော်ကားဖို့ နင်မကြိုးစားပါနဲ့.. လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"
အားလုံးကြိုတ်
Thursday, July 16, 2015
Friday, September 21, 2012
ဗေထင်
alllike
တနင်္ဂနွေသားသမီးများ
ဒီလအတွင်း သင်သည် စိတ်ရှုပ်ရှုပ်၊ လူရှုပ်ရှုပ်၊ ခေါင်းရှုပ်ရှုပ်၊ နှာတရှုပ်ရှုပ် ဖြစ်နေလိမ့်မည်။ မှော်လင်းမထားသော အရာများ ဆက်တိုက်ဖြစ်ပေါ်နေမည်။ (ဥပမာ လမ်းသွားရင်း နှပ်ပစ်ခံရခြင်း၊ ရှေ့မှ သွားနေသော မိန်းကလေး၏ ဖိနပ်နောက်မြီးကို နင်းမိခြင်း စသည်များ) အလုပ်သစ်၊ မိတ်ဆွေသစ်၊ အချစ်သစ်တို့နှင့် တွေ့ရမည်။ ပြဿနာ အသစ်မဖြစ်ပါစေနှင့်။ ရယူလိုမှုအတွက် ပရိယာယ်မာယာ သုံးပြီး ကွေ့ဝိုက်လှည့်ပတ်လျက် ဥပါယ်တံမျဉ်ပြုကာ ဉာဏ်ကစား၍ တစ်မျိုးတစမည် လှီးလွှဲပြောဆိုခြင်း မပြုသင့်။ ဒဲ့ပြောပါ။ ပါဝါမသုံးပါနှင့်။ မျှော်လင့်ချက် မထားသည့်ကိစ္စများ ဆက်ရက် ဆက်ရက် (ဇရက်မဟုတ်ပါ) ဖြစ်ပေါ်လာလိမ့်မည်။ မျှော်လင့်ချက် များစွာဖြင့် လုပ်ဆောင်ပါလေ။ အိမ်ရှေ့တွင် သင်္ဘောပင်တစ်ပင်ပေါက်လာပါက နောက်ဖေးရွှေ့ စိုက်ပါ။(မိန်းကလေးဖြစ်ပါက သင်္ဘောသားနှင့် ညားလိမ့်မည်။ ယောက်ျားလေးဖြစ်ပါက သင်္ဘောသီးသည်နှင့် နီးစပ်မည်။) နိုင်ငံရပ်ခြားခရီး စီစဉ်ထားသူဖြစ်ပါက အဆင်ပြေမည့်နီုင်ငံ နှစ်နိုင်ငံ ဖြစ်နေတတ်သည်။ ကိစ္စမရှိ။ နှစ်နိုင်ငံလုံး ရောက်အောင်သွားပါ။ (ဒါမှတစ်ရွာ တစ်ကျီဆောက်နိုင်မည်) သင့်ကို တစ်ချိန်က စွန့်ခွာခဲ့သူနှင့် ပြန်ဆုံမည်။ သင်ကတစ်ဖန် ပြန်၍ ခွာစွန့်နိုင်ရန် ကြိုးစားလေ။ သို့မဟုတ်က ပိုက်ဘောမိအံ့။
ထီထိုးလိုက Rဇာနည်သီချင်းဖွင့်လာသည့် ထီးလှည်းမှ ကြုံရာလက်မှတ်ကို ရဲရဲဝံ၀ံ စွန့်စွန့်စားစား ထိုးလိုက်ပါ။
ယတြာမှာ . . . ဓာတ်တိုင်နှစ်ပြန်စာလောက်ကို ကင်းမြီးကောက်ထောင်၍ လျှောက်ခြင်းဖြင့် အညံ့များ ဖြေဖျောက် ပစ်လိုက်ပါ။
တနင်္လာ သားသမီး
တစ်ချိန်က သင်သည်းခံစိတ်ရှည်လာခဲ့သော ကိစ္စ များယခုအချိန်တွင် ခံစားရမည်။ (ဥပမာ အုန်းသီးများ အညှောင့်ထွက်လာခြင်း၊ ကျွန်းပင်များ တစ်တောင်ခန့် မြင့်တက်လာခြင်း) အိမ်ပေါင်မခံနှင့်၊ ရွှေပေါင်မခံနှင့်၊ ကားပေါင်မခံနှင့်၊ ဘာပေါင်မှ မခံပါနှင့်။ ခံခဲ့သော် သင့်အသက်ပေါင်ကို သူများထုတ်ယူသွားကိန်း ရှိ၏။ စိတ်ကူးသစ်၊ လမ်းကြောင်းသစ်၊ ခရီးသစ်များ ဖြစ်ပေါ်ကာ အသစ်ကလေးများ နှင့်တွေ့မည်။(ရောဂါ အသစ်အဆန်းများ မတွေ့ အောင် ရှောင်ပါ) ဆွေထဲမျိုးထဲ ပြဿနာပေါ်မည်။ သင်ဝင်ပါလျှင် ပို၍ ရှုပ်ကုန်ကုန်မည်။ ရူးချင်ယောင်ဆောင်နေပါ။ (အရူးစခန်းရိပ်သာ ၀င်နေသော ၀ိဇ္ဇာဟု ထင်လျှင် အမြတ်ဟု မှတ်)
ထီထိုးလိုပါက အိန္ဒြာကျော်ဇင်နှင့် ခပ်ဆင်ဆင်တူသော မိန်းကလေး ထီးစာရေးမလေးရောင်းသော ဆိုင်ကိုရှာ၍ ထိုးပါ။ ရှာတွေ့လျှင် မျက်စိတစ်ဖက် မှီတ်ပြပြီး နီးစပ်ရာ ထီလက်မှတ်ကို ထိုးပါ။ (ထီပေါက်မပေါက် မပြောတတ်သော်လည်း သွားဖုံးပေါက်မည်မှာ သေချာ၏။)
တတြာမှာ . . . လမ်းခင်းခြင်း၊ မြောင်းတူးဖော်ခြင်း၊ ရေကန်တူးခြင်း၊ အမှိုက်ရှင်းခြင်း၊ သစ်ကိုင်းခုတ်ခြင်းများ ပြုလုပ်ပါ။ မကြာခင် စည်ပင်သာယာမှ သင့်ကိုခေါ်ခန့်ထားပါ လိမ့်မည်။
အင်္ဂါ သားသမီး
အလုပ်အကိုင် အပြောင်းအလဲ ရှိသည်။ ပြောင်းလျှင် လဲတတ်သောသဘောရှိသဖြင့် မပြောင်းက ကောင်း၏။ ပြောင်းကမကောင်း၊ ပြောင်းမကောင်းလျှင် ချိုလည်း မချို စေးလည်းမစေးသဖြင့် အရသာမရှိ။ ပလို့ပြောင်းသည် အရသာအရှိဆုံး ဖြစ်၏။ 'ပတ်ပတ်ပလို့ ဂျိ'။ ကွဲကွာနေသူများ နှင့် ပြန်လည်ပေါင်းဆုံလိုပါက ကောက်ညှင်းပေါင်းများများစားပါ။ သားသမီးများအတွက် လင်းနှင့်မယား တကျက်ကျက် ရန်ဖြစ်နေရတတ်သည်။ ကလေးများကို ဂျောက်ဂျက် ၀ယ်ပေးခြင်းဖြင့် ပြေပျောက်စေပါ။ ကာလများစါာ လိပ်ခဲတည်းလည်း ဖြစ်နေသော ကိစ္စတစ်ခုအတွက် လိပ်မှာ ဆက်၍ မခဲနိုင်တော့၍ အပြီးပြတ်သွားလိမ့်မည်။ ကပြားလူမျိုး၊ လူမျိုး'ကွဲ'၊ စကတ်'ကွဲ'၊ ဘေး'ကွဲ' များဒုက္ခပေးမည်။ ပန်းကန်ကျ 'ကွဲ'လျှင် ယတြာကျေပြီအမှတ်နှင့် လက်ပန်းပေါင်း ထခတ်လိုက်ပါ။ ခြေဖြင့်ပါ ခတ်မိ၍ နောက်တပ် ပန်းအိုးတစ်လုံး ကျ'ကွဲ' လျှင် တာဝန်မယူ။ ငယ်ရွယ်သူဖြစ်ပါက မိမိအလိုဆန္ဒအတွက် သူတစ်ပါးကို အသုံးမချမိပါစေနှင့်။ ကိုယ့်ဘာသာ ကြိုးစားပါ။ မဟုတ်လျှင် ချောင်အကွယ်တွင် အောင်သွယ်နှင့် အ၀ှာဖြစ်သွားမည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် ကျောခိုင်းခွဲခွာလျှင် သင်ယူကြုံးမရ ဖြစ်ရမည်။ (ဘေးတိုက် ဂဏန်းသွား ခွဲခွာနိုင်လျှင် မဆိုးပါ)
ထီထိုးလိုပါက ထီးအသစ်တစ်ချောင်းကို ပံ့သကူပစ် ပြီးမှထိုးပါလေ။
ယတြာမှာ . . . ယောက်ျားလိုလို မိန်းမလိုလို လူတစ်ယောက်အား မုန့်လင်မယား ၀ယ်ကျွေးလိုက်ပါ။ အညံ့ တွေ ပြေပျောက်သွားလိမ့်မည်။
ဗုဒ္ဓဟူး သားသမီး
ယခုတလော နေအိမ်တွင် နေလိုစိတ်မရှိဘဲ အိမ်စောင့်နတ်နှင့် ရန်ဖြစ်သလိုသဘောမျိုးရှိကာ အင်တာနက် ဆိုင်စောင့်သည့်နတ်နှင့် ပလဲနံပသွား၍ သင့်နေလိမ့်မည်။ ယခုတစ်လောသင့်ကို ဦးကပ်စေးဘွဲ့ ပေးကြလိမ့်မည်။ ကိစ္စမရှိပါ။ ကိစ္စရှိသည်ကား မည်သည့် သူဌေးသူကြွယ်မှ ကပ်စေးမနှဲခဲ့ကြခြင်း ဖြစ်၏။ ယခုအချိန် သင်သည် ငါ့မြင့် ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့ကား ငါစီး ဆိပ်ကြီးရောက်ရောက် ဖြစ်ချင်နေသည့် ကာလဖြစ်၏။ ရာထူးတိုးခြင်း၊ လစာတိုးခြင်းများဖြစ်လျက် သွေးတိုးခြင်း၊ သွေးနားထင်ရောက်ခြင်းများ မဖြစ်စေရန် ဂရုစိုက်ပါ။ လုပ်ဖော်ကိုင်ဖက်များ ကြားထဲ သင်ခေါင်းတစ်လုံးသာမည် (ခုံမြင့်ဖိနပ် ထူထူ ၀ယ်စီးခဲ့ပါလျှင်)။ သိပ်မြင့်ချင်လျှင် ကုလားမ ခြေထောက်စီးနိုင်၏။ သို့သော် သွားစုံစုံလင်လင်တော့ရှိမည်တော့ မဟုတ်ပါ။ ကျန်းမာရေးညံ့နေတတ်သည်။ကျန်းမာလိုသော် ပျဉ်းကတိုးသား ပါးကေးပြားထူထူခင်းပါ)
ထီးထိုးလိုပါက သင့်ရှေ့ တည့်တည့်မှ လာသည့်ကားမှ ရှေ့ဆုံးနံပါတ်နှင့် သင့်နောက်တည့်တည့်မှလာသည့် ကား၏ နောက်ဆုံးနံပါတ်များပါသော လက်မှတ်ကိုရှာထိုးပါ
ယတြာမှာ . . . အဆိုတော် ကြိုးကြာဆိုသည့် သီချင်းကို ကြိုးကြာငှက်ကလေးရှေ့မှောက်တွင် ကြိုးကြိုးစားစား ကြာကြာလွန့်လွန့် ဆိုပြလိုက်ပါ။ ကြိုးစားသမျှ မကြာခင်မှာ အဆင်ပြေမည်။
ကြာသပတေး သားသမီး
စိတ်နှင့်ပတ်သတ်သော စေဒနာများခံစားရသော ကာလဖြစ် ၍ သခွားသီးစိတ်၊ ရှောက်သီးစိတ်များစားပြီး ဆိတ်ကို အစာကျွေးပါ။ ဘာသာရေး လိုက်စားသူများနှင့် ပတ်သက်နေရ၍ ကောင်းပါ၏။ အလှူအိမ်လိုက်စားနေရသူများနှင့် ပတ်သတ်လျှင် ပို၍ကောင်း၏။ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်တက်ကြွခြင်းများမကြာခဏ ဖြစ်နေ၍ ဓာတ်လှေကား ခေါက်တုံ့ခေါက်ပြန် မျးများစီးခြင်းဖြင့် ပြေပျောက်ပါစေ။ နိမ့်ပါး သူကို ထောက်ပံ့ခြင်းဖြင့် ကုသိုလ်ယူပါ (ဥပမာ - သင့်အောက်ထပ်တိုက်ခန်းတွင်နေသူ မိန်းမချောလေးအား ပါတိတ်ဝမ်းဆက်ဝယ်လှူခြင်း) ယခုတလော သင့်ကိုယ်သင် အတော်ဆုံးလူဟု ထင်နေတတ်သည့် ရောဂါရှိနေ၏။ အမှန်မှာ သင့်ထက်တော်သူ တစ်ယောက် (ဆြာအူကြောင်ကျား) အမြဲရှိနေသည်ကို သတိထားခြင်းဖြင့် အမြန်မှန်ရလာ နိုင်ပါသည်။
(နာတွ ဟိဟိ)
သူတစ်ပါးကို သင်ကအထင်သေးခြင်း၊ အထင်ကြီးခြင်းများ ဖြစ်နေတတ်၍ သင့်အပေါ်၌ သူတစ်ပါးကလည်း အသေးထင်ခြင်း၊ အကြီးထင်ခြင်းများဖြစ်ပေါ်လာ ပြီးကမောက်ကမ ဂကြိုးဂကြောင် ဖြစ်နေတတ်သည်။ ပုံမှန်စိတ်ကို ပြန်ရောက်လိုပါက "မှန်ပုံ"ပေါ်သည့် စိတ်မွေးပါ။ လောကဓံ ကိုကြံ့ကြံ့ ခံပါက ငွေကြေးရှာက လွယ်မည်။ ငွေကြေးရှာမရ သည့်တိုင်း အခြားငွေခဲ၊ ငွေဘော်၊ ငွေသံ စသည့် သတ္ထု အရောများ ရှာနိုင်လာပါလိမ့်မည်။
ထီထိုးလိုလျှင် မိုးပေါ်ကိုမော့ကြည့်လိုက်ပါ။ ထို့နောက် ၀ဲဘက်သို့ ကြည့်ပါ။ ထို့နောက် ယာဘက်သို့ ကြည့်ပါ။ ရှေ့ဘက်သို့ ကြည့်ပါ။ နောက်ဘက်သို့လှည့်ကြည့်ပါ။ ဂဏတစ်လုံးလုံးတွေ့လျှင် ပေါက်ဂဏန်းဟုမှတ်။ မတွေ့လျှင် မထိုးနှင့်။
ယတြာ . . . 'အဟတ်ဟတ်ဟား ဟိဟိဟိ ခွိခွိခွိ' ဟူ၍ ၀ရန်တာမှာ ထွက်ပြီး ဆယ်ကြိမ်အော်ပါ။ (ဆယ်ကြိမ်ပြည့်ရင် ကံကောင်းတာပဲ အဟိ)
သောကြာ သားသမီး
ယခုလအတွင်း လူလိမ်ခံရမည်။ အလိမ်မခံလိုသော် . . . သင့်ဇနီးသည်၏ လက်ချောင်းများနှင့် သင့် ဗိုက်ခေါက်ထူထူတို့ ဝေးဝေးနေပါစေ။ ငယ်ရွယ်သူဖြစ်လျှင် အခွင့်အရေးနှစ်ခု တစ်ပြိုင်တည်း ရမည်။ ဟိုလိုလို သည်လိုလို နှင့် မှောက်သစ်ကိုင်းလွတ် ဖြစ်မည်။ သစ်ကိုင်းမလွတ်လိုက ချစ်တိုင်း ဖွတ်အလိုကျ နှစ်ခွစလုံး ကြံပါလေ (တစ်နှစ် တည်း နှစ်မင်္ဂလာမပြုကောင်းသော်လည်း တစ်ရက်တည်း နှစ်မင်္ဂလာ မပြုကောင်းဟု ဘယ်စာထဲမှာမှ မရှိပါ။) ငွေဝင်များသကဲ့သို့ ထွက်ငွေလည်း များမည်။ အ၀င်အထွက် မျှတစေရန် ပိုက်ဆံအိတ်တစ်ခြမ်းစီတွင် '၀င်' စာလုံး 'ထွက်' စာလုံးရေး၍ ကပ်ထားလိုက်ပါ။
ထီထိုးလိုသော် မိန်းကလေးအဆိုတော် သုံးယောက်တွဲ သီဆိုထားသည့်သီချင်းသံကြားသည့်အချိန်တွင် 'နိုးကြား၊ ရိုးသား၊ ကြိုးစားမယ်ဟေ့' ဟု အော်ပြီး နီးရာ ထီးဆိုင်မှာ ပြေးထိုးလိုက်ပါ။
ယတြာမှာ . . . 'ဗေလုဝ' ကြော်ငြာလာချိန်တွင် ဖန်သာမြင့်ကို စေ့စေ့ကြည့်လျက် "သင့်ထံမှ အောင်မြင်မှု ဇာတာစန်းလာဘ်များ ငါရလိုတယ်ကွာ။ ဒါပေမဲ့ သင့်ရူပါမှလွဲ၍ . . .' ဟူ၍ သက်စေ့ဆုတောင်းပါ။
စနေသားသမီး
သူတစ်ပါးနှင့် မတူသော ခေါင်းမာမှု ဇွဲကြီးမှုများက သင့်ကို အောင်မြင်လိမ့်မည်။ သို့သော် သင့်ခေါင်းတွင် ပိန္နဲသီးကဲ့သို့ အဖုအပိန့်များ ထွက်လာခြင်းကိုတော့ သည်းခံပါလေ။ အတိုက်အခိုက်၊ ချောက်တွန်းခြင်း၊ ကမ်းပါးပြတ်မှ တွန်းချခြင်းများ ကြုံရမည်။ မကြောက်ပါနှင့် ကျောက်ပါလျှင် ရောင်းစားလိုက်ပါ။ အထက်လူကြီးနှင့် အပြောအဆို ပါးနပ်ပါစေ။ မပါးနပ်သော် ခါးပြတ် လိမ့်မည်။ ခါးမပြတ်လိုက ' ဖား၊ ကပ်' သည့် ပညာများကို သင်ကြားထားပါလေ။ သင်မကြားပါက နားမျက်စီဆေးရုံသို့ ပြ။
အများနျင့်ဆက်ဆံသောအခါ အိုးရွဲ့လျှင် စလောင်းရွဲ့မည်၊ ပါးကိုက်လျှင် နားကိုက်မည် ဆိုသော စိတ်ကူးများ မထားပါနှင့်။ ထိုစနစ်များသည် ရိုးအီနေပြီဖြစ်သောကြောင့် စနစ်သစ်ကို ထူထောင်သည့်အနေဖြင့် အိုးရွဲ့လျှင် ရွဲ့သောအိုးကို ရိုက်ခွဲပစ်မည်။ ပါးကိုက်လျှင် သူ့ပါးကလေးကို မွှေးကြူပစ်လိုက်မည်ဟူ သော စိတ်ကူးကိုသာ ပြောင်းလဲထားလိုက်ပါ။
ထီထိုးလိုသော် အရှေ့ဘက် မိုးကောင်းကင်မှ ပျံသန်းလာသော ကြက်တူရွေး (စာထဲတွင် ရွက်တူကြေး ဟုတွေ့ရ၏) ကောင်ရေကို သတိထားထိုးပါ။
ယတြာမှာ . . . "သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ" ဟူသောစားတန်းကို ၀ယ်ယူပြီး အောက်နား၌ "ကျွန်ုပ် ဆိုးသော်လည်း သင်ကောင်းမြဲတိုင်းး ကောင်းနေရမည်". . . ဟူသော စာတန်းကို ဖြည့်စွက်ရေးသား၍ ချိတ်ဆွဲထားလိုက်ပါ။
ဝမ်းမှန်ပါသည်
ဗေဒထိပ်ပန် ဆြာကြီး
အူကြောင်ကျာ
Sunday, August 26, 2012
သိပ်ချစ်တတ်သောကောင်လေးတစ်ယောက်၏ site
|
Friday, August 24, 2012
စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
လှပတဲပန်းချီ ပုံလေးများ(၁)
ငှက်မောင်နှံ တောင်ပံ ဖြန့်ကာပ
မြင်းကျား နဲ့ ဆင် စား၊ ခြင်္သေ့ကြီးက နား
ပန်ဒါလေးက စားသောက်ကာ၊ သားပိုက်ကောင်က မီးလှုံရှာ
ကြဲပက်တာ ဆန်တာကလော့၊ မြင်းဖြူကြီးကမော့
သခင်က ပန်းသီးခူး၊ ခွေးကလေးကမြူး
တောင်ပေါ်ထက်က ဟင်းခွက်လေးများ
အပြောကျယ်တဲ့ ရှောက်တောအလယ်
မီးရတားကြီး ဂျုံးဂျုံးဂျက်၊ မျောက်ကလေး သူနှုတ်ဆက်
အချိုရည်တစ်ခွက် ဆက်သချင်တယ်
ရေစပ်မှာကွယ် ဆယ်နေတဲ့အသီး
အားလုံးကိုခင်မင်လေးစားလျက်
မြတ်သူ(ခေါ်)ကောင်းမြတ်
(၂၄-၈-၂၀၁၂)(၂၀း၁၄)နာရီ
Subscribe to:
Post Comments (Atom)
Subscribe to:
Posts (Atom)
No comments:
Post a Comment